Tuesday, March 1, 2016

ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးများ၏ ကြွယ်ဝချမ်းသာရေးအမူအကျင့်ကောင်းများ

ဘဝမှာကိုယ်ထူးကိုယ်ချွန်ကြိုးစားရင်းကြွယ်ဝချမ်းသာလာခဲ့ကြတဲ့သန်းကြွယ်သူဌေးပေါင်း၂၃၃ဦးကိုငါးနှစ်ကြာလေ့လာပြီးတဲ့အခါမှာတော့သူတို့ကိုကြွယ်ဝ
ချမ်းသာစေခဲ့တဲ့နည်းလမ်းကောင်းတွေကိုကျွန်တော်ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။အဆိုပါသန်းကြွယ်သူဌေးအားလုံးနီးပါးကဘဝမှာသူတို့ကိုအောင်
မြင်လာစေတဲ့အချက်ကသူတို့မိဘတွေ၊ဒါမှမဟုတ်သူတို့ရဲ့ရှေ့ဆောင်လမ်းပြဆရာMentorတချို့ဆီကကနဦးသင်ယူလေ့လာခဲ့တဲ့အမူအကျင့်တွေကြောင့်
လို့ဆိုပါတယ်။ တကယ်တော့ အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာ
တခြားမဟုတ်၊ ကျွန်တော်တို့နေ့စဉ်ပြုလုပ်လေ့ရှိတဲ့အမူအကျင့်တွေပါပဲ။ ကျွန်တော်လေ့
လာခဲ့တဲ့ ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေး ၂၃၃ ဦးဆီကနေလေ့လာတွေ့ရှိခဲ့တဲ့ ကြွယ်ဝချမ်းသာစေတဲ့အမူအကျင့်ကောင်း(Rich Habit) များစွာထဲက
မှအဓိကအကျဆုံးအမူအကျင့်ကောင်း ၅ ရပ်ကို ဖော်ပြသွားပါမယ်။
အမူအကျင့်ကောင်း - ၁
ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေဟာဝင်ငွေရလမ်းကိုတစ်ခုထက်မကဖန်တီးထားကြတယ်။ကိုယ်ထူးကိုယ်ချွန်ကြိုးစားပြီးအောင်မြင်လာကြတဲ့
သန်းကြွယ်သူဌေးတွေဟာဝင်ငွေရလမ်းတစ်ခုတည်းပေါ်မှာပဲရပ်တည်ရှင်သန်နေလေ့မရှိကြဘဲသူတို့အတွက်ဝင်ငွေရရှိနိုင်မယ့်ရပေါက်ရလမ်းများစွာဖန်
တီးထားတတ်ကြပါတယ်။ကျွန်တော်လေ့လာခဲ့တဲ့ကိုယ်ထူးကိုယ်ချွန်သူကြွယ်သူဌေး၂၃၃ဦးအနက်၆၅ရာခိုင်နှုန်းမှာဝင်ငွေရလမ်းသုံးခုထက်ပိုပြီးရှိထား
ကြတာတွေ့ရပါတယ်။ဝင်ငွေရစေမယ့်နည်းလမ်းတစ်ခုမကဖန်တီးထားခြင်းဟာသင့်ရဲ့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့စီးပွားရေး
ကျဆင်းမှုဒဏ်ကို ပြင်းပြင်းထန်ထန်မခံစားရတတ်ပါဘူး။ ဆင်းရဲသူအများစုဟာ ဝင်ငွေတစ်ခုတည်းပေါ်မှာပဲရှင်သန်နေထိုင်ကြတာများပါတယ်။
အဲဒါကြောင့်စီးပွားရေးကျဆင်းမှုက သူတို့ရဲ့တစ်ခုတည်းသောဝင်ငွေရလမ်းပေါ်မှာ ဆိုးကျိုးတွေတစ်နည်းနည်းနဲ့သက်ရောက်လာတဲ့အခါမှာ သူတို့အနေနဲ့
ငွေကြေးအရဆုံးရှုံးမှုတွေရင်ဆိုင်ခံစားကြရတတ်ပါတယ်။ ကြွယ်ဝချမ်းသာသူတွေအတွက်ကတော့ သူတို့မှာ ဝင်ငွေရလမ်းများစွာရှိတဲ့အတွက် ဝင်ငွေရ
လမ်းတစ်ခုခုက ယာယီအားဖြင့် ငွေရှာမပေးနိုင်ချိန်မှာလည်း အခြားဝင်ငွေရလမ်းတွေကနေ ဝင်ငွေတွေဆက်လက်ရရှိနေကြတာပါ။
အမူအကျင့်ကောင်း - ၂
ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေဟာရည်မှန်းချက်ပန်းတိုင်မသတ်မှတ်ခင်စိတ်ကူးအိပ်မက်တွေအရင်မက်ခဲ့ကြတယ်။DreamSettingခေါ်စိတ်ကူး
အိပ်မက်ခြင်းဆိုတာတစ်နည်းအားဖြင့်ကိုယ့်ရဲ့အိပ်မက်ကိုအဓိပ္ပာယ်တိတိကျကျသတ်မှတ်တာပဲဖြစ်ပါတယ်။ကျွန်တော်လေ့လာခဲ့တဲ့သန်းကြွယ်သူဌေးစုစု
ပေါင်းရဲ့၆၄ရာခိုင်နှုန်းကသူတို့ရဲ့တစ်ခုတည်းသောအိပ်မက်ရဲ့နောက်ကိုပဲလိုက်ခဲ့ကြတာပါ။စိတ်ကူးအိပ်မက်မက်တယ်ဆိုတဲ့နေရာမှာအဆင့်နှစ်ဆင့်ရှိပါ
တယ်။ပထမအဆင့်ကတော့သင့်အနေနဲ့နောင်လာမယ့်ဆယ်နှစ်၊နှစ်၂ဝအတွင်းမှာသင်လိုချင်တဲ့ဘဝပုံစံကိုစာလုံးရေငါးရာလောက်နဲ့ချရေးပါ။အဲဒီလိုရေး
တဲ့အခါမှာ အတတ်နိုင်ဆုံးအသေးစိတ်အချက်တွေပါဝင်ပါစေ။
ဥပမာ-အနာဂတ်မှာသင်ရမယ့်ဝင်ငွေပမာဏ၊သင်နေထိုင်မယ့်အိမ်၊သင်မောင်းမယ့်ကားအမျိုးအစား၊သင်ပိုင်ဆိုင်နေမယ့်ငွေပမာဏစသဖြင့် ဒုတိယအဆင့်
ကတော့ သင် ချရေးထားတဲ့အဆိုပါစာထဲကမှ သင့်အနာဂတ်ဘဝကိုကိုယ်စားပြု တဲ့ အသေးစိတ်အချက်တစ်ချက်ချင်းစီကိုစာရင်းပြန်ပြုစုပါ။ အဲဒီ
အချက်တွေဟာသင့်အိပ်မက်တွေ၊ ဒါမှမဟုတ် သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုကိုယ်စားပြုရပါလိမ့်မယ်။ သင့်စိတ်ကူးအိပ်မက်တွေကို စနစ်တကျမက်ပြီးပြီဆို
တော့မှ ရည်မှန်းချက်ပန်းတိုင်ချမှတ်တဲ့အဆင့်ကို နောက်တစ်ဆင့်အနေနဲ့ စတင်ရမှာဖြစ်ပါတယ်။ ကျွန်တော်လေ့လာခဲ့တဲ့ကိုယ်ထူးကိုယ်ချွန်
သန်းကြွယ်တွေထဲက၅၅ရာခိုင်နှုန်းဟာသူတို့ရဲ့စိတ်ကူးအိပ်မက်တွေနဲ့နီးစပ်ဆက်စပ်မှုရှိတာကိုပဲရည်မှန်းချက်ပန်းတိုင်အဖြစ်သတ်မှတ်ခဲ့ကြတာကိုလည်း
ထူးခြားစွာတွေ့ရှိခဲ့ပါတယ်။ ဒီလို ရည်မှန်းချက်ပန်းတိုင်ချမှတ်တဲ့အဆင့်မှာဆိုရင် သင့်အနေနဲ့ရည်မှန်းချက်တခုချင်းစီဟာ သင်ဖြစ်ချင်တဲ့ဆန္ဒ၊ သင့်အိပ်
မက်တွေ တစ်ခုချင်းစီနဲ့ဆက်စပ်မှုရှိတာတွေကိုပဲ ရွေးချယ်ချမှတ်ဖို့လည်းလိုပါတယ်။ အဲဒီအတွက် အောက်ပါမေးခွန်းနှစ်ခုကို သင့်ကိုယ်သင်ပြန်မေးရပါ
လိမ့်မယ်။
မေးခွန်း-၁ ''ငါ့ရဲ့ဆန္ဒ၊ ငါ့အိပ်မက်တစ်ခုချင်းစီ လက်တွေ့ အကောင်အထည်ပေါ်လာဖို့ဆိုရင် ငါ့အနေနဲ့ဘာတွေလုပ်ဖို့လိုမလဲ။''
မေးခွန်း -၂  ''ငါဟာ အဲဒီအချက်တွေဆောင်ရွက်နိုင်ရဲ့လား၊ ဒုတိယမေးခွန်းအတွက်အဖြေသည် Yes ဆိုမှသာ သင့်စိတ်ကူးအိပ်မက်တွေကို ရည်မှန်း
ချက်ပန်းတိုင်အဖြစ်သတ်မှတ်သင့်ပါတယ်။ ရည်မှန်းချက်တစ်ခုဆိုတာ လက်တွေ့ဆောင်ရွက်မှုပါဝင်ပြီး သင့်အနေနဲ့လည်း လိုအပ်တဲ့ဆောင်ရွက်
မှုတွေပြုလုပ်ဖို့ အရည်အချင်းပြည့်ဝတယ်ဆိုတော့မှသာ စစ်မှန်တဲ့ရည်မှန်းချက်ပန်းတိုင်လို့ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ အမူအကျင့်ကောင်း ၂ နဲ့ပတ်
သက်ပြီးအကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်
၁။ သင်ဖြစ်ချင်တဲ့စံပြဘဝနဲ့ပတ်သက်ပြီး စာလုံးရေငါးရာခန့် စာရေးသားပါ။
၂။ သင့်စံပြဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် သင့်ဆန္ဒ၊ စိတ်ကူး အိပ်မက်တစ်ခုချင်းကိုဖော်ပြပါ။
၃။ သင့်ဆန္ဒ၊ စိတ်ကူးအိပ်မက်တစ်ခုချင်းစီနဲ့ဆက်စပ်မှုရှိတဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သတ်သတ်မှတ်မှတ်ချမှတ်ပါ။
၎။ သင့်ရည်မှန်းချက်ပန်းတိုင်တွေ အကောင်အထည်ပေါ်လာ အောင် လက်တွေ့ဆောင်ရွက်ပါ။သင့်ရဲ့တခြားဆန္ဒ၊ စိတ်ကူးအိပ်မက်တွေတစ်ခုချင်းစီ
အတွက်လည်းအခုအဆင့်တွေအတိုင်းဆောင်ရွက်ပါ။သင့်ရဲ့စိတ်ကူးအိပ်မက်တွေတစ်ခုချင်းစီပီပီပြင်ပြင်သင်သိမြင်လာတာနဲ့အမျှသင်လိုချင်တဲ့အနာဂတ်
စံပြဘဝကလည်း တဖြည်းဖြည်းနဲ့လက်တွေ့ဘဝဖြစ်လာမှာဖြစ်ပါတယ်။
အမူအကျင့်ကောင်း -  ၃ ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေဟာအချိန်ဖြုန်းတတ်တဲ့သူတွေကိုဝေးဝေးကရှောင်ကြတယ်။လူအများစုဟာစွန့်စားရမှု
ဆိုတဲ့Riskနဲ့ပတ်သက်ပြီးစဉ်းစားကြတဲ့အခါမှာသူတို့ပြုလုပ်တဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှု အချို့ကိုပဲပြေးမြင်လေ့ရှိကြပါတယ်။ ဥပမာ- လုပ်ငန်းသစ်တစ်ခုမှာ
ငွေကြေးရင်းနှီးမြှုပ်နှံခြင်း၊ စတော့ဈေးကွက်၊Mutual Fund နှင့်ဘွန်းစာချုပ်တို့မှာ ရင်းနှီးမြှုပ်နှံခြင်း၊ ထီထိုးခြင်း၊ လောင်းကစားလုပ်ခြင်းနဲ့ တစ်စုံ
တစ်ယောက်ကိုငွေချေးလိုက်ခြင်း။ ဒါပေမဲ့ငွေကြေးအရစွန့်စားမှုဟာအစွန့်စားရဆုံးကိစ္စမဟုတ်သေးပါ။သင့်အနေနဲ့ငွေကိုအချိန်မရွေးပိုရှာလို့ရပါတယ်။
ဒါပေမဲ့လူတွေသေချာပေါက်ကြုံတွေ့ရတတ်တဲ့စွန့်စားရမှုတစ်ခုရှိပါသေးတယ်။အဲဒါကတော့တစ်ခါချွတ်ချော်သွားရင်ဘယ်တော့မှပြန်မရတော့ဘဲထာဝ
ရဆုံးရှုံးသွားတဲ့အရာပါ။ဘာများဖြစ်နိုင်ပါသလဲ။တကယ်တော့ကျွန်တော်တို့အတွက်အကြီးမားဆုံးစွန့်စားရတဲ့Riskကတော့အချိန်ပါပဲ။တစ်စုံတစ်ခုအတွက်
ကျွန်တော်တို့ရင်းနှီးပေးဆပ်လိုက်ရတဲ့အချိန်ဟာဘယ်တော့မှပြန်မရတော့ပါဘူး။ အပေါ်ယံကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘဝမှာ အချိန်တွေများစွာရှိတယ်
လို့ထင်ရတဲ့အတွက် အချိန်ကိုတန်ဖိုးမရှိဆုံးအရာတစ်ခုလိုသဘောထားနေမိကြပါတယ်။အဲဒါကြောင့်နေ့စဉ်နဲ့အမျှကျွန်တော်တို့ဟာဖေ့စ်ဘွတ်ခ်သုံးခြင်း၊
YouTubeကနဗီဒီယိုကြည့်ခြင်း၊တီဗီရှေ့ထိုင်ခြင်း၊ဘာမှမလုပ်ဘဲ အိပ်ယာထဲလှဲနေခြင်း စတဲ့ဘဝအတွက် အရေးမပါ လှတဲ့လုပ်ဆောင်မှုတွေနဲ့
အချိန်တော်တော်များများကို အမှတ်မထင်ဖြုန်းတီးပစ်နေမိကြပါတယ်။ဒီလိုနဲ့အသက်အရွယ်တွေကြီးလာတော့မှပဲအချိန်ရဲ့တန်ဖိုးကိုသိကြတော့တယ်။
အချိန်ကိုပန်းတိုင်တွေချမှတ်ခြင်းနဲ့ ဘဝအတွက်အရေးပါတဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာတွေမှာ ဥာဏ်ကြီးကြီးနဲ့အသုံးချသင့်လှပါတယ်။ သင်သုံးစွဲလိုက်တဲ့အချိန်တွေဟာသင့်အတွက်ပျော်ရွှင်မှုကိုဖြစ်စေတဲ့၊သူတစ်ပါးအတွက်အကူအညီဖြစ်စေတဲ့၊သင့်ဘဝအတွက်ဘဏ္ဍာရေးလုံခြုံမှု
ကိုဖြစ်စေနိုင်တဲ့စသဖြင့်သင်နဲ့သင့်အဖွဲ့အစည်းအတွက်အကျိုးရှိမယ့်အရာတွေအတွက်ပိုပြီးဖြစ်သင့်ပါတယ်။အချိန်ဟာစွန့်စားရမှုအများဆုံးအရာတစ်ခု
လို့သဘောထားလိုက်ရင်သင့်အနေနဲ့အချိန်ကိုသုံးစွဲရာမှာပိုပြီးသတိပြုမိလာစေမှာအသေအချာပဲဖြစ်ပါတယ်။ကျွန်တော်လေ့လာခဲ့တဲ့ကိုယ်ထူးကိုယ်ချွန်
သန်းကြွယ်သူဌေးအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်းဟာဆိုရင် တီဗီကြည့်ချိန်ဆိုလို့ တစ်နေ့မှာ တစ်နာရီတောင်မပြည့်ပါဘူး။ အဲဒီလိုပဲ သူတို့အားလုံးထဲက ၆၃
ရာခိုင်နှုန်းဟာ တစ်နေ့မှာ တစ်နာရီအောက်ပဲအင်တာနက်သုံး လေ့ရှိတာလည်း လေ့လာတွေ့ရှိခဲ့ရတယ်။ အဲဒီအတွက်ကြောင့်သူတို့အတွက် ရည်မှန်း
ချက်ပန်းတိုင်တွေ အကောင်အထည်ဖော်ချိန်၊စာအုပ်စာပေတွေဖတ်ဖို့၊လေ့လာဖို့၊လေ့ကျင့်ခန်းတွေလုပ်ဖို့၊စေတနာ့ဝန်ထမ်းအလုပ်တွေလုပ်ဖို့နဲ့လူမှုကွန်
ရက်တွေချိတ်ဆက်ဖို့အတွက် အချိန်ပိုတွေရရှိခဲ့ကြတယ်လို့ဆိုပါတယ်။
အမူအကျင့်ကောင်း - ၎
ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေမှာအောင်မြင်ရေးရှေ့ဆောင်လမ်းညွှန်သူ(SuccessMentor)အနည်းဆုံးတစ်ယောက်ရှိခဲ့ကြတယ်။ကျွန်တော်
သုတေသနပြုလေ့လာခဲ့တဲ့ ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေး ၂၃၃ ဦးမှာ တစ်ဦးချင်းရဲ့ပျှမ်းမျှကြွယ်ဝချမ်းသာ မှုဟာ အမေရိကန်ဒေါ်လာ ၄.၃ သန်းရှိ
ပါတယ်။ ဆိုတော့ သင် သာ သင့်ဘဝအတွက် အသင့်တော်ဆုံးရှေ့ဆောင်လမ်းညွှန်ပြသသူ (Success Mentor)တစ်ဦးကိုရှာဖွေတွေ့ရှိနိုင်ခဲ့မယ်ဆိုရင်
ဒါဟာသင့်ဘဏ်အကောင့်ထဲကို ဒေါ်လာ ၄.၃ သန်းထည့်လိုက်သလိုပဲ လို့တောင်ဆိုရပါမယ်။ သူတို့ ၂၃၃ ဦးထဲက ၉၃ ရာခိုင်နှုန်းကဆိုရင် သူတို့ခုလို
ချမ်းသာကြွယ်ဝလာတာဟာ သူတို့ရဲ့သက်ဆိုင်ရာရှေ့ဆောင်လမ်းညွှန်ပြသူ (Mentor) တွေကြောင့်လို့ဆိုကြပါတယ်။၆၈ရာခိုင်နှုန်းကတော့တခြား
သူတွေဆီကရရှိခဲ့တဲ့ရှေ့ဆောင်လမ်းညွှန်မှုဟာအောင်မြင်မှုရရှိဖို့အရေးပါတဲ့အချက်တစ်ချက်ဖြစ်ခဲ့ပါတယ်လို့ဆိုကြပါတယ်။အောင်မြင်ရေးရှေ့ဆောင်
လမ်းပြသူ(Success Mentor)တွေဟာသင့်ဘဝကိုအပြုသဘောလွှမ်းမိုးရုံတင်မဟုတ်။သင့်ကိုဘာလုပ်ရန်နဲ့ဘာမလုပ်ရန်သင်ကြားပြသပေးပြီးသင့်ဘ
ဝအောင်မြင်ရရှိအောင်တက်ကြွစွာပုံမှန်ပံ့ပိုးပေးကြသူတွေဖြစ်ပါတယ်။သူတို့ဟာသူတို့ကြုံတွေ့ခဲ့ဖူးတဲ့အမှားတွေ၊ဒါမှမဟုတ်ဘဝဆိုတဲ့ကျောင်းမှာသူတို့လေ့
လာသင်ယူခဲ့တာတွေ၊သူတို့ရဲ့ရှေ့ဆောင်လမ်းပြဆရာတွေဆီကသင်ယူခဲ့တာတွေကိုလည်းသင့်ကိုပြန်လည်မျှဝေကြမှာလည်းဖြစ်ပါတယ်။ အဲဒါကြောင့်
သင့်ဘဝအတွက် ရှေ့ဆောင်လမ်းပြဆရာ (Mentor) ရှာဖွေတာဟာကြွယ်ဝချမ်းသာဖို့အတွက် ထိခိုက်နာကျင်မှုအနည်းဆုံးနည်းလမ်းလို့ဆိုပါရစေ။
Mentor တစ်ယောက်ဟာ သင့်ကိုအောင်မြင်မှုဆီအမြန်ရောက်စေမယ့်လမ်းကြောင်းပေါ် တွန်းတင်ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့သုတေသနအရ
Success Mentor အမျိုးအစားငါးမျိုးရှိတာကို လေ့လာတွေ့ရှိရပါတယ်။
၁။မိဘ'လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယမိနှင့်ဘ'ဆိုတဲ့အတိုင်းမိဘတွေဟာဘဝမှာကျွန်တော်တို့အတွက်တစ်ခုတည်းသောရှေ့ဆောင်လမ်းပြသူတွေ
ဖြစ်ပါတယ်။ အဲဒါကြောင့် မိဘကောင်းအဖြစ်ပြုမူနေထိုင်ဆောင်ရွက်ဖို့ အလွန်အရေးကြီးလှပါတယ်။ မိဘတွေအနေနဲ့ သားသမီတွေအတွက်
အောင်မြင်ရေးရှေ့ဆောင်လမ်းပြသူ(Success Mentor)တွေဖြစ်ဖို့လည်းလိုပါတယ်။သူတို့ဟာနေ့စဉ်ပြုလုပ်သင့်တဲ့အမူအကျင့်ကောင်းတွေကိုသားသမီး
တွေကိုသင်ကြားပြသပေးရပါမယ်။တကယ်လို့မိဘတွေအနေနဲ့အဲဒီလိုသင်ကြားပြသပေးဖို့ပျက်ကွက်ခဲ့မယ်ဆိုရင်သားသမီးတွေဟာဘဝမှာအောင်မြင်မှု
ပန်းတိုင်ကို ဆွတ်ခူးနိုင်ဖို့အတွက်ပင်ပန်းကြီးစွာ ရုန်းကန်ရတတ်ပါတယ်။
၂။ဆရာဆရာကောင်းဆိုတာရှေ့ဆောင်လမ်းပြကောင်းပါပဲ။သူတို့ဟာကျောင်းသားတွေသူတို့မိဘတွေဆီကရရှိထားတဲ့အမူအကျင့်ကောင်းတွေကိုပိုပြီးစွဲမြဲ
လာအောင်အကူအညီပေးနိုင်ကြသလိုမိဘတွေဆီကသူတို့မရရှိသေးတဲ့အောင်မြင်မှုအတွက်လိုအပ်တဲ့အမူအကျင့်ကောင်းတွေကိုလည်းပံ့ပိုးပေးနိုင်တဲ့
ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
၃။   လုပ်ငန်းခွင်ထဲက Career Mentorသင့်ဘဝအောင်မြင်မှုအတွက် ရှေ့ဆောင်လမ်းညွှန်မှုတွေကို မိဘနဲ့ဆရာတွေဆီကမရရှိခဲ့ဘူးဆိုရင်လည်း
စိတ်ပျက်ဝမ်းနည်းမနေပါနဲ့။ သင့်အနေနဲ့လုပ်ငန်းခွင်ထဲမှာရှေ့ဆောင်လမ်းညွှန်မှုပြုပေးနိုင်မယ့်ဆရာကောင်းကိုရှာဖွေလို့ရပါသေးတယ်။သင့်လုပ်ငန်းခွင်မှာ
သင်လေးစားယုံကြည်အားကိုးရတဲ့သူတစ်ဦးဦးကိုရှာပါ။ တွေ့ရင်သူ့ကို သင့်ဘဝအတွက် ရှေ့ဆောင်လမ်းညွှန်သူ Mentor အဖြစ်ကူညီပေးဖို့တောင်းဆိုပါ။
သူဟာလုပ်ငန်းခွင်မှာသင့်ထက်နှစ်ဆင့်၊ ဒါမှမဟုတ် သုံးဆင့်လောက်ရာထူးမြင့်တဲ့သူ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။
၎။   စာအုပ်စာပေထဲကMentorစာအုပ်စာပေတွေဟာလည်းသက်ရှိMentorတွေလိုပဲရှေ့ဆောင်လမ်းညွှန်မှုပြုနိုင်စွမ်းရှိကြပါတယ်။စာအုပ်စာပေတွေဟာ
Mentorကောင်းတွေကိုအကောင်းဆုံးရှာတွေ့နိုင်တဲ့နေရာဖြစ်နေတတ်ပါတယ်။အထူးသဖြင့်အောင်မြင်သူတွေအကြောင်းရေးသားထားတဲ့စာအုပ်တွေထဲ
မှာပါ။ကျွန်တော်သုတေသနပြုလေ့လာခဲ့တဲ့ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေထဲက၅၈ရာခိုင်နှုန်းဟာအခြားအောင်မြင်သူတွေအကြောင်းရေးသားထား
တဲ့အတ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ရှုလေ့ရှိတယ်လို့ဆိုပါတယ်။
၅။   ဘဝဆိုတဲ့ကျောင်းသင်သာဘဝဆိုတဲ့ကျောင်းတော်ကြီးကနေအောင်မြင်ရေးအမူအကျင့်ကောင်းတွေကိုလေ့လာသင်ယူနိုင်မယ်ဆိုရင်တော့
သင့်ဘဝရဲ့Mentorဟာတခြားသူမဟုတ်ဘဲသင်ကိုယ်တိုင်ပါပဲ။ဘဝမှာအောင်မြင်ဖို့အတွက်ဘယ်ဟာကအလုပ်ဖြစ်တယ်၊ဘယ်ဟာကတော့အလုပ်မဖြစ်
ဘူးဆိုတာကို သင့်ကိုယ်သင် သင်ကြားရပါမယ်။ နောက်ပြီး သင့်ရဲ့အမှားတွေဆုံးရှုံးမှုတွေကနေ သင်ခန်းစာယူတတ်ရပါမယ်။ ဒီနည်းလမ်းဟာ အောင်မြင်
မှုဆီအရောက်သွားဖို့ခက်ခဲကြမ်းတမ်းတဲ့လမ်းတစ်ခုပါ။သင့်အတွက်တန်ဖိုးကြီးမားလှတဲ့အချိန်တွေငွေတွေကုန်ဆုံးစေတဲ့ကျရှုံး
မှုတွေနဲ့ရင်ဆိုင်ရနိုင်လို့ပါပဲ။ဒါပေမဲ့ဒီနည်းလမ်းဟာသင့်ဘဝအတွက်စွမ်းအားအကြီးဆုံးလမ်းညွှန်ပြသမှုလည်းဖြစ်နေပြန်တတ်ပါတယ်။အကြောင်းကတော့
သင့်အတွက်အလုပ်မဖြစ်တဲ့ကျရှုံးမှုတွေကို ဘဝနဲ့ရင်းပြီးရလိုက်တဲ့အတွက် အဲဒီသင်ခန်းစာတွေကို လွယ်လွယ်မေ့ပျောက်တော့မှာမဟုတ်လို့ပါပဲ။
အမူအကျင့်ကောင်း - ၅
ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေဟာ သူတို့စိတ်ကူးအိပ်မက်ကိုလုံးဝစွန့်လွှတ်ခြင်းမရှိ။ သူတို့ဟာဇွဲလုံ့လဝီရိယအလွန်ကြီးမားကြတယ်။ သူတို့ မက်ခဲ့တဲ့စိတ်ကူးအိပ်မက်ကိုလုံးဝစွန့်လွှတ်လေ့မရှိ။သူတို့ဟာစိတ်ကူးအိပ်မက်ဆိုတဲ့သဘောင်္ကြီးနဲ့အတူသာနစ်မြုပ်ခံလိုက်မယ်။သဘောင်္ကိုစွန့်ခွာပြေးမယ့်
လူစားမျိုးလုံးဝမဟုတ်ကြ။ ကျွန်တော့်သုတေသနထဲက သန်းကြွယ်သူဌေး ၂၇ ရာခိုင်နှုန်းဟာ အနည်းဆုံးတစ်ကြိမ်စီးပွားပျက်ခဲ့ဖူးကြတယ်။ ဒါပေမဲ့
ကိုယ့်ကိုယ်ကိုယ်ပြန်ထူမတ်ပြီးမလျှော့တဲ့ဇွဲလုံ့လဝီရိယတို့နဲ့ အောင်မြင်မှုပန်းတိုင်ဆီပြန်ကူးခတ်နိုင်ခဲ့ကြတယ်။သင်ဟာသင့်စိတ်ကူးအိပ်မက်တွေဆီ
ရောက်အောင်တွန်းပို့နိုင်မယ့်အရာတစ်ခုတည်းကိုနေ့စဉ်နဲ့အမျှထပ်ကာတလဲလဲပြုလုပ်နိုင်ဖို့လိုပါတယ်။သင်သာဇွဲလုံ့လဝီရိယကြီးမားသူတစ်ယောက်ဖြစ်သွားပြီ
ဆိုရင်ဘယ်အရာကမှသင့်ကိုမအောင်မြင်အောင်မတားဆီးနိုင်တော့ပါဘူး။ကိုယ့်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးတွေဟာသူတို့ရဲ့စိတ်ကူးအိပ်မက်
တွေဆီရောက်အောင်ဘယ်လိုသွားရမယ်ဆိုတာကိုကောင်းကောင်းသိကြသူတွေဖြစ်တယ်။သူတို့ဟာဇွဲကြီးတဲ့အတွက်အလုပ်မဖြစ်တဲ့နည်းလမ်းတွေကို
သိရှိခဲ့ကြသလို အလုပ်ဖြစ်တဲ့နည်းလမ်းတစ်ခုခုမတွေ့မချင်းလေ့လာစမ်းသပ်မှုတွေတစိုက်မက်မက်လုပ်လေ့ရှိကြတယ်။ဇွဲဆိုတာကံကောင်းခြင်းကိုရှာတွေ့ဖို့
တစ်ခုတည်းသောအကြီးမားဆုံးစွမ်းအားပါပဲ။ ဇွဲကြီးသူတစ်ယောက်ဟာတစ်နေ့မှာတော့ကံ ကောင်းခြင်းကိုမုချရရှိမှာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့သူတွေ
ဘဝမှာခုလိုအောင်မြင်နေကြတာဟာသူတို့ရဲ့စိတ်ကူးအိပ်မက်ကိုလုံးဝစွန့်လွှတ်ခြင်းမရှိဘဲဇွဲလုံ့လဝီရိယအပြည့်နဲ့မဆုတ်မနစ်ကြိုးပမ်းခဲ့လို့သာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အမူအကျင့်ကောင်းငါးရပ်ကတော့ကျွန်တော့်ရဲ့သုတေသနကနေတွေ့ရှိခဲ့တဲ့စွမ်းအားအကြီးဆုံးအမူအကျင့်ကောင်းတွေပဲဖြစ်ပါတယ်။
အမူအကျင့်တွေဟာ လူတစ်ယောက်ရဲ့ဘဝအခြေအနေကိုရည်ညွှန်းပါတယ်။ အမူအကျင့်တွေကကျွန်တော်တို့ကိုအောင်မြင်သူ၊ ဆုံးရှုံး၊ ဒါမှမဟုတ် သာမန်
လူစတဲ့အခြေအနေတွေကိုရောက်ရှိအောင် မသိစိတ်ကနေတစ်ဆင့်ပရိုဂရမ်သွင်းပါတယ်။ အမူအကျင့်တွေဟာ ကျွန်တော်တို့ကို ချမ်းသာကြွယ်ဝသူ၊ ဆင်းရဲချို့တဲ့သူ၊
ဒါမှမဟုတ် အလယ်အလတ်အဆင့်လူလတ်တန်းစားပုဂ္ဂိုလ်စသဖြင့် ကျွန်တော်တို့ရဲ့လူမှုအဆင့်အတန်းကိုသတ်မှတ်ပေးပါတယ်။ ဝမ်းသာစရာကောင်းတာတစ်ခု ကတော့အမူအကျင့်တွေကိုပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာကိုကျွန်တော်လေ့လာတွေ့ရှိခဲ့ပါတယ်။အဲဒီလိုပြုပြင်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ချက်က
သတိပြုခြင်း (Awareness) နဲ့ မျက်ခြည်မပြတ်ခြေရာခံခြင်း (Tracking) ပါပဲ။ ဆိုလိုတာကသင့်အနေနဲ့သင့်ရဲ့လက်ရှိအမူအကျင့်တွေရယ်၊ သင်ပြောင်းလဲချင်တဲ့အမူ
အကျင့်တွေရယ်ကို သတိပြုမိဖို့လိုပါတယ်။ နောက်ပြီး သင့်ရဲ့အမူအကျင့်အသစ်တွေ ကိုအလေ့အကျင့်ဖြစ်တဲ့အထိ မျက်ခြည်အပြတ်မခံဖို့လိုအပ်ပါတယ်။
အမူအကျင့်ဟောင်းတစ်ခုကို အသစ်တစ်ခုနဲ့  အသားကျအောင်အောင်အောင်မြင်မြင်အစားထိုးနိုင်ဖို့ဆိုရင် ပျမ်းမျှအားဖြင့်၆၆ရက်လောက်ကြာမြင့်ပါတယ်။
သင့်မှာရှိနေတဲ့အမူအကျင့်ဆိုးတွေကိုဖယ်ရှားသုတ်သင်ပြီးအမူအကျင့်ကောင်းတွေနဲ့အစားထိုးနိုင်ခဲ့ပြီဆိုရင်တော့ သင့်ဘဝကလည်း ပိုမိုကောင်းမွန်တဲ့ဘက်ကို
စတင်ပြောင်းလဲလာတော့မှာအသေအချာပါပဲ။အမူအကျင့်တွေပြောင်းလဲဖို့အချိန်ပေးရတယ်ဆိုပေမဲ့ အားထုတ်ရကျိုးနပ်တဲ့အတွက် ပြောင်းလဲနိုင်အောင်ကြိုးစားကြပါလို့
အလေးအနက်တိုက်တွန်းလိုက်ပါရစေ။
ရေးသူ-လင်းလင်း (ကညက)
Myanmar B2B

No comments:

Post a Comment