Friday, March 11, 2016

Coinbase Account ဖွင့်နည်း


MMM Global မှာ အလုပ်လုပ်တော့မယ်ဆိုရင် အကောင့် (၂) ခုဖွင့်ဖို့ လိုအပ်ပါတယ်.. ပထမကတော့ Online မှာ ငွေပေး၊ ငွေယူလုပ်ဖို့ Coinbase ဆိုတဲ့ Bitcoin(BTC) အကောင့်တစ်ခုရယ်၊ ဒုတိယကတော့ MMM Global Account ရယ် ဖြစ်ပါတယ်။ Bitcoin ဆိုတာ Online ငွေစနစ်တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တရားဝင် အသုံးပြုနေတဲ့ Current လည်းဖြစ်ပါတယ်.. MMM Global မှာ ငွေထုတ်/ငွေသွင်း တာကို Bitcoin(BTC) နဲ့သာ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် BTC လက်ခံ/ပေးချေ တဲ့ အကောင့်တစ်ခု လိုအပ်ပါတယ်။ BTC Account တွေ တော်တော်များများ ရှိပေမယ့် coinbase ကတော့ လွယ်ကူတယ်၊ တိကျတယ်၊ လုံခြုံတယ်. ဒါကြောင့် BTC လက်ခံ/ပေးချေဖို့ CoinBase Account ဖွင့်ဖို့ ရွေးချယ်တာဖြစ်ပါတယ်..

ပထမဆုံး Coinbase Account ဖွင့်နည်း ကို ပြောပြပါမယ်..

  • www.coinbase.com ကိုသွားပါ။ ညာဘက်အပေါ်ထောင့်နားလေးက Sign Up ကိုနှိပ်လိုက်ပါ။
  • First Name, Last Name, Email ရယ် Password ရယ် ဖြည့်ပြီး I agree to ကို အမှန်ခြစ်လေး နှိပ်လိုက်ပါ။ ပြီးရင် Sign up ခလုတ်ကို နှိပ်လိုက်ပါ။
  • ပြီးရင် Sign up လုပ်တုန်းက ဖြည့်ခဲ့တဲ့ အီးမေးကို ဖွင့်ပါ။ Coinbase က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်. အဲဒီ စာထဲမှာ Confirm လုပ်ဖို့ Link တစ်ခု ရှိပါတယ်.. အဲဒါကိုနှိပ်ပြီး Verify လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Coinbase account တစ်ခု ရရှိပါပြီ..
 

Coinbase Account အကြောင်း ဒီမှာ ခဏထားပြီး MMM Global Account မှာ Coinbase နဲ့ ချိတ်ဆက်ပုံကို ဖေါ်ပြပေးသွားပါမယ်။

မှတ်ချက်။ MMM Global Account မဖွင့်ခင် ကိုယ့် Coinbase Account ထဲမှာ BTC ထည့်ထားဖို့လိုပါမယ်။ ကိုယ်က ဒေါ်လာ ၁၀၀ ဖိုးရင်းချင်ရင် ၁၀၂ ဒေါ်လာဖိုး ဝယ်ထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေလွှဲတဲ့အခါ ငွေလွှဲခ နည်းနည်း ပိုပေးရလို့ပါ။ Coinbase ထဲကို BTC ဝယ်ထည့်ဖို့ကိုတော့ ကျွန်တော် စိတ်ချရတဲ့ မိတ်ဆွေ (၃)ဦးရှိပါတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီးဝယ်နိုင်ပါတယ်။
1. တိုးတက်အောင်
2. အောင်မင်းဟန်
3. ဟိန်းထက်

အောက် အဆင့်တွေကို သေသေချာချာ နားလည်အောင် လေ့လာဖို့ လိုအပ်ပါတယ်-

No comments:

Post a Comment