ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်အားပေးတဲ့ နည်းလမ်းအချို့ကို အသုံးပြုပါတယ်။
အဲဒါတွေကတော့ အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါတိုင်းမှာကျွန်မ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေကို ပြန်တွေးကြည့်တာပါ။
အဲလို ပြန်တွေးလိုက်တဲ့အခါမှာ ကိုယ်ကဒီလိုကိစ္စတွေကိုတောင် အောင်မြင်အောင် လုပ်နိုင်ခဲ့သေးတာပဲ ဆိုတဲ့ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပြီးတော့ လက်ရှိ အခြေအနေကိုလည်း အကောင်းဆုံးဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ အတွေး ရရှိတော့တာပါပဲ။
နောက်တစ်ချက်ကတော့ အောင်မြင်အောင် ဆောင်ရွက်ချင်တဲ့ ကိစ္စတစ်ခုခု ရှိနေတယ် ဆိုပါတော့ အဲဒါ ဖြစ်ပါ့မလားဆိုတဲ့ အတွေးကို ဖျောက်ပြီးတော့ ဖြစ်ကို ဖြစ်တာပေါ့လို့ ပြောင်းတွေးပါတယ်။ မဖြစ်မချင်းဖြစ်တယ်ဆိုတဲ့ အတွေးကိုပဲ ဆက်ဆက်တွေးပါတယ်။
တစ်ဘက်ကလည်း အဲလိုကိုယ့်ကိုယ်ကို အားပေးခြင်းနည်းလမ်းနဲ့ အောင်မြင်ကြောင်းတွေးရင်းနဲ့ တစ်ဖက်ကလည်း ဆောင်ရွက်စရာရှိတာတွေ လုပ်သင့်လုပ်ထိုက်တာတွေကို စဉ်ဆက်မပြတ်လုပ်ရင်းနဲ့ အဲဒီကိစ္စကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်တာပါပဲ။
တကယ်တော့ အောင် စိတ် ဆိုတာ လူတိုင်းမွေးမြူ လေ့ကျင့်လို့ရတဲ့ အရာပါပဲ။
ငါ အောင်မြင်ရမယ်၊ ငါ လုပ်နိုင်စွမ်းရှိတယ် ဆိုတဲ့ အောင်စိတ်ဟာ ကျွန်မရဲ့ အတွေးတွေကို အမြဲတမ်း လွှမ်းမိုးနေပါတယ်။ အဲဒီစိတ်က အောင်မြင်အောင်လုပ်နိုင်မဲ့ လုပ်ရပ်တွေဆီကို တွန်ုးပို့ပေးတာပါ။
ငါ အောင်မြင်ရမယ်၊ ငါ လုပ်နိုင်စွမ်းရှိတယ် ဆိုတဲ့ အောင်စိတ်ဟာ ကျွန်မရဲ့ အတွေးတွေကို အမြဲတမ်း လွှမ်းမိုးနေပါတယ်။ အဲဒီစိတ်က အောင်မြင်အောင်လုပ်နိုင်မဲ့ လုပ်ရပ်တွေဆီကို တွန်ုးပို့ပေးတာပါ။
တကယ်တော့ အဲဒီနည်းလမ်းဟာ အော်တိုဆာဂျက်ရှင်းလို့ ခေါ်ပါတယ်။ သိစိတ်ကနေ မသိစိတ်ထဲကို ရောက်ရှိသွားအောင် အမိန့်ပေးတဲ့နည်းလမ်းတစ်ခုပါ။ အဲဒါကို ကျွန်မ ၁၀ နှစ်သမီးကတည်းက ဖေဖေက သင်ပေးခဲ့တယ်။ သမီးဖြစ်ချင်တာကို လုပ်ချင်တာကို ဖြစ်ပြီ လုပ်ပြီလို့သာ တွေးပါ၊ အဲဒါတွေကို သမီးတကယ်လုပ်နိုင်လိမ့်မယ်တဲ့...။ ကျွန်မက ဖေဖေ့ကို ယုံတယ်။ ပြီးတော့ မသိစိတ်ရဲ့ တန်ခိုးကိုလည်း ယုံတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်တယ်။
အဲဒီလို ယုံကြည်စိတ်နဲ့ အော်တိုဆာဂျက်ရှင်းနည်းလမ်းနဲ့ကျွန်မ ဘ၀မှာ ဖြတ်သန်းခဲ့ရတဲ့ ခယောင်းလမ်းတွေ အများကြီးပါ။
အဲလို အောင်စိတ်လေးသာ မထားနိုင်ခဲ့ဖူးဆိုရင် ကိုယ့်ကိုယ်ကိုလည်း ပြန်လည် အားမပေးနိုင်ခဲ့ဘူး ဆိုရင် ကျွန်မဟာ ကိုယ်မကြိုက်တဲ့ ကိုယ်ဖြစ်နေမှာပါပဲ။
နောက်တစ်ချက်ကတော့ ကျွန်မအနေနဲ့ အောင်မြင်သူတွေရဲ့ ဘ၀တွေကိုလည်းစာအုပ်တွေထဲကနေ လေ့လာကြည့်သလို၊ ပြင်ပလောကထဲက အောင်မြင်သူတွေကိုလည်း လေ့လာကြည့်ပါတယ်။
တကယ်တော့ သူတို့ဟာ သိပ်တော်လှတဲ့ သူတွေ၊ သိပ်ကို ထူးခြားတဲ့ လှတဲ့ သူတွေ၊ သိပ်ကို ဆန်းကျယ်နေတဲ့သူတွေ မဟုတ်ကြပါဘူး။
သူတို့ဟာလည်း ကျွန်မတို့လို ရိုးရိုးသာမန်လူတွေပဲ ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့မှာ အောင်မြင်ချင်တဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒတွေ ရှိတယ်။ပြီးတော့ အဲဒီပြင်းထန်တဲ့ ဆန္ဒတွေနဲ့ သူတို့တွေက ရင်ထဲက ယုံကြည်ချက်ကို အားမြှင့်ပြီး လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
သူတို့ဟာလည်း ကျွန်မတို့လို ရိုးရိုးသာမန်လူတွေပဲ ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့မှာ အောင်မြင်ချင်တဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒတွေ ရှိတယ်။ပြီးတော့ အဲဒီပြင်းထန်တဲ့ ဆန္ဒတွေနဲ့ သူတို့တွေက ရင်ထဲက ယုံကြည်ချက်ကို အားမြှင့်ပြီး လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် သူတို့ရဲ့ ထူးခြားချက်တွေကတော့ သူတို့အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတိုင်း အခြားသာမန်သူတွေလို ဖြစ်နိုင်ပါ့မလားဆိုပြီး အပျက်အတွေးကနေ စတွေးကြတာ မဟုတ်ဘူး။ ဒီလောက်တော့ အပျော့ပေါ့ ငါကျော်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ အတွေးနဲ့ စတွေးပါတယ်။
သူတို့တွေဟာ အလုပ်မှာရော၊ မိသားစုတွင်းမှာပါ အဆိုးမြင်တွေနဲ့ အရှုံးတွေအစား ကောင်းမွန်ခြင်းနဲ့အောင်မြင်ခြင်းကို ပဲ တွေးကြည့်ပါတယ်။
ငါတတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးအစား ငါတတ်နိုင်တာပေါ့လို့ပဲ တွေးတာ တွေ့ရပါတယ်။
သူတို့ကို ကြည့်ရင်းအားကျရင်းနဲ့ ကျွန်မစိတ်ထဲ သဘောပေါက်လာမိတာ ရှိတယ်။ ၀ါသနာအရ သစ်ပင်စိုက်တဲ့သူတွေက သူတို့စိုက်ခဲ့တဲ့ အပင်လေးတဖြည်းဖြည်းနဲ့ ကြီးထွားလာတာကို ကြည့်ရင်းနဲ့ ပီတိဖြစ်ကြပါတယ်။ ကျွန်မတို့အနေနဲ့လည်း နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကို ပျိုးထောင်ရင်းနဲ့ အပြုသဘောဆန်တဲ့ အတွေးတွေကို စဉ်းဆက်မပြတ်တွေးရင် နဲ့ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှု တွေ ယုံကြည်မှုတွေ အကျိုးဖြစ်ထွန်းမှုတွေ ရလာမှာလို့ ယုံကြည်လာတယ်။
အဲလိုတည်ဆောက်ရာမှာတော့ ကိုယ်ဟာ အမြဲတမ်း တက်ကြွနေသူဖြစ်စေဖို့၊ အလုပ်မှန်သမျှကို စိန်ခေါ်နိုင်သူ၊ အလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့နေသူ ဘယ်တော့မှ မဖြစ်ပါစေနဲ့ ချက်ခြင်းလုပ်ဖို့လည်း လိုအပ်ပါတယ်။
ပြီးတော့ အပြူသဘောဆောင်တဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားရှိခြင်း၊
အခက်အခဲတွေကို ရှောင်ပြေးတတ်တဲ့အကျင့်ရှိရင် ဖျောက်ပစ်ပြီး အခက်အခဲတွေကို ဖြေရှင်းပြီး အနိုင်ယူတဲ့သူဖြစ်ဖို့ လိုသလို၊ ရှေ့ဆောင်စွန့်စားရဲသူ ဖြစ်ဖို့နဲ့တစ်ခါတစ်ရံမှာ ၀င်လာတတ်တဲ့ ကြောက်စိတ်ကို ဖျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဖြစ်ဖို့ လိုပါတယ်။
အခက်အခဲတွေကို ရှောင်ပြေးတတ်တဲ့အကျင့်ရှိရင် ဖျောက်ပစ်ပြီး အခက်အခဲတွေကို ဖြေရှင်းပြီး အနိုင်ယူတဲ့သူဖြစ်ဖို့ လိုသလို၊ ရှေ့ဆောင်စွန့်စားရဲသူ ဖြစ်ဖို့နဲ့တစ်ခါတစ်ရံမှာ ၀င်လာတတ်တဲ့ ကြောက်စိတ်ကို ဖျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူဖြစ်ဖို့ လိုပါတယ်။
အဲလိုပဲ သူများကိုလည်း ယုံပေးပါ။ အနာဂတ်မှာ ဘယ်လိုအခက်ခဲပဲကြုံကြုံ နောက်မဆုတ်ဘူးဆိုတဲ့ အသိနဲ့ ရှေ့ဆက်ဖို့ လိုပါသေးတယ်။
ကိုယ့်ချထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို မကြာခဏပြန်ပြန်ကြည့်ပြီး အဲဒီပန်းတိုင်ကြီးကို ရောက်ဖို့ အောင်မြင်ခြင်း ပန်းတိုင်အငယ်တွေကိုအများကြီး ရအောင် ကြိုးစားရင်းနဲ့ ရှေ့ဆက်ရမှာပါ။
နေ့စဉ်တိုးတက်အောင်မြင်မှု ရရှိနေပါစေ...အဲလိုနဲ့ ကျွန်မကိုယ် ကျွန်မ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကို ပြန်အားပေးနေတော့တာပါပဲ။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်း(မြစ်မခ)
မေသင်္ကြန်ဟိန်း(မြစ်မခ)
No comments:
Post a Comment