
MMM Global မှာ လုပ်တော့မယ်ဆိုရင် ပထမဆုံး စည်းမျဉ်း စည်းကမ်းတွေကို သိထားဖို့ လိုအပ်ပါတယ်.. သေသေချာချာ ဖတ်ပေးပါ။
- MMM လုပ်တော့မယ်ဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့ Internet လိုင်း တစ်လိုင်းတည်း ကိုသာ အသုံးပြုပါ။ (1500 တန် ဖုန်းကတ် တစ်ခုကို ဝယ်ပြီး MMM အသုံးပြုတဲ့ အချိန်မှာပဲ အသုံးပြုရင် အကောင်းဆုံးပါဘဲ။ Wifi တွေကို လုံးဝ မသုံးပါနဲ့) ။ MMM ဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပြီး ကူညီတဲ့ community ဖြစ်တဲ့အတွက် လူတစ်ယောက်ကို MMM Account တစ်ခုပဲ ရှိခွင့် ရှိပါတယ်။ Internet လိုင်း တစ်လိုင်းနဲ့ Account အများကြီး ဖွင့်ထားရင် မိမိရဲ့ Account ဟာ Ban ခံရပါမယ်။ Account Ban ခံရရင် မိမိရဲ့ ထည့်ထားတဲ့ ငွေပမာဏ အားလုံးဟာ ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် လူတစ်ယောက်ကို Account တစ်ခု၊ Internet လိုင်းသီးသန့် တစ်လိုင်း နဲ့ ကွန်ပျူတာ တစ်ခုသာ အသုံးပြုဖို့ မှာချင်ပါတယ်။ ဒီ စည်းကမ်းချက်တွေကိုသာ လိုက်နာမယ်ဆိုရင် သင့် Account ဟာ Ban ခံရစရာအကြောင်း လုံးဝ မရှိပါဘူး။ ဒါကြောင့် စည်းကမ်းတွေကို သေချာလေး မှတ်ပြီး လိုက်နာပေးပါ။
- Account ဖွင့်တဲ့အချိန်မှာ မိမိရဲ့ နာမည်အရင်း၊ အသုံးပြုနေတဲ့ ဖုန်းနံပါတ် အစစ်အမှန်တွေကိုပဲ ထည့်ပေးပါ။ ဘာလို့လဲဆိုတော့ တကယ်လို့ CRO (MMM Account တွေကို လိမ်ညာမှု ရှိမရှိ စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း) ဟာ မိမိရဲ့ Accont ကို သံသယ ရှိလာပြီဆိုရင် မှတ်ပုံတင် (သို့မဟုတ်) Passport ကို တောင်းကြည့်ပါလိမ့်မယ်။ ဒါကြောင့် မိမိရဲ့ နာမည်အရင်း၊ အသုံးပြုနေတဲ့ ဖုန်းနံပါတ် အစစ်အမှန်တွေကိုပဲ ထည့်ပေး Account ဖွင့်ပေးပါ။
- MMM မှာ ငွေသွင်းငွေထုတ် လုပ်တဲ့ အချိန်တွေမှာ အထူး သတိထားပေးပါ။ သတိထားရမယ့် အချက်တွေကို ငွေသွင်းခြင်း နဲ့ ငွေထုတ်ခြင်း စာမျက်နှာတွေမှာ ရေးပေးထားပါတယ်။ သေချာ ဂရုစိုက်ပြီး လုပ်ပေးပါ။
- Register လုပ်ပြီး နှစ်ပတ်အတွင်းမှာ သင့်ရဲ့ Account ဟာ Active မဖြစ်ဘူးဆိုရင်တော့ MMM က Account ကို ပိတ်လိုက်မှာ ဖြစ်ပါတယ်။
- တစ်ခု သတိပေးချင်ပါတယ်။ MMM မှာ သင့်ရဲ့ အပိုငွေကိုပဲ အသုံးပြုပါ။ Internet မှာ လုပ်ရတာ ဖြစ်တဲ့အတွက် ရာနှုန်းပြည့် ယုံကြည်လို့ မရပါဘူး။ ဒါကြောင့် အိမ်ပေါင်ပြီး ထည့်တာမျိုး၊ ကားရောင်းပြီး ထည့်တာမျိုး စသဖြင့် လုံးဝ မလုပ်ပါနဲ့။ မိမိရဲ့ အပိုငွေနဲ့ပဲ အလုပ်လုပ်ပါ လို့ သတိပေးချင်ပါတယ်။ MMM Website ထဲမှာလည်း တရားဝင် ကြေငြာထားပြီးသားပါ။ "Only use your spare money" !!!
ဆက်လက်ပြီး အောက်က အဆင့်တွေကို သေသေချာချာ နားလည်အောင် ဖတ်ဖို့ လိုပါတယ်-
- 3. Coinbase Account ဖွင့်နည်း
- 4. MMM Global Account ဖွင့်နည်း
- 5. MMM Global Account Setting လုပ်နည်း
- 6. Provide Help ငွေသွင်းနည်း
- 7. Mini Job လုပ်နည်း
- 8. ငွေထုတ်နည်း
- 9. ပြဿနာဖြစ်လာရင် ဖြေရှင်းနည်းများ
- 10. MMM Global နဲ့ ပတ်သက်တဲ့ သိရှိရမယ့် နေ့စဉ်သတင်းများ
- 11. Guider အဆင့် နဲ့ Manager အဆင့် တက်လှမ်းနည်းများနှင့် ရပိုင်ခွင့်များ
No comments:
Post a Comment