Showing posts with label Entertainment. Show all posts
Showing posts with label Entertainment. Show all posts

Wednesday, July 20, 2016

Uncontrollably Fond (2016) Korea Drama Series

လက်ရှိ Hot အဖြစ်ဆုံး Doctors စီးရီးကိုကျော်ဖြတ်ပြီး နံပါတ် ၁ နေရာကို ချိတ်မယ်လို့ ရေပန်းစားနေတဲ့ ကိုရီးယားစီးရီးကောင်းလေးတစ်ခုပါ.။ Shin Joon-young (Kim Woo-bin) နှင့် No Eul (Bae Suzy) တို့ဟာ ကလေးဘ၀ထဲက သံယောဇဉ်များဖြင့် နှောင်ဖွဲ့ခဲ့ဖူးသော သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်.။ ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုက သူတို့နှစ်ယောက်ကို တကွဲဆီဖြစ်အောင် ခွဲထုတ်လိုက်တာကြောင့် ဝေးကွာသွားခဲ့ရသူတွေပါ.။ အသက်တွေကြီးလာတဲ့အခါမှာတော့ Shinn Joon-Youn ဟာ အောင်မြင်တဲ့ TOp Star တစ်ယောက်ဖြစ်လာခဲ့ပြီး No Eul ကတော့ အောင်မြင်တဲ့ Prouducer တစ်ယောက်ဖြစ်လာတဲ့ပါတယ်။ ငယ်ဘ၀ထုံးဖွဲ့ထားတဲ့ သံယောဇဉ်တွေနဲ့ သူတို့ နှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့ အင်မတန်လှပပြီး လွမ်းမောစရာ ပျော်ရွှင်စရာနဲ့ Romatic ဆန်ဆန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ပြန်လည်အစပျိုးလာပါတော့တယ်.။

ကျိန်စာသင့် ရွှေမင်းသမီး (သို့မဟုတ်) Mirror of the Witch (2016) Korea Series မြန်မာစာတန်းထိုး

ကျိန်စာသင့် ရွှေမင်းသမီး (သို့မဟုတ်) Mirror of the Witch (2016) Korea Series မြန်မာစာတန်းထိုး
IMDB Rating : 7.7/10
လက်ရှိမှာ ကြည့်ရှု့သူအများအပြား အားပေးလျှက်ရှိတဲ့ သမိုင်းနောက်ခံ မှော်ဆန်ပြီး ဂန္တ၀င်အချစ်ဇာတ်လမ်း တစ်ပုဒ်အကြောင်းပြောပြချင်ပါတယ်.။ Imdb Rating ကလဲ မြင့်မားစွာရရှိထားတဲ့ စီးရီးကောင်းတစ်ခုပါ.။
မိဖုရားလေးရှင်းက လက်ထပ်ခဲ့တာငါးနှစ်ကြာသည့်တိုင် ကလေးမရခဲ့ဘူး မိဖုရားက ကလေးမရနိုင်တဲ့သူဖြစ်တယ်ဆိုတာသိတဲ့အခါ အောက်လမ်းပညာတွေကို အသုံးပြုတာကျွမ်းကျင်တဲ့ နတ်ဆရာမ ဟုန်းဂျူကို အကူအညီတောင်းခဲ့တယ် ဟုန်းဂျူက မိဖုရားရှင်းကိုထူခြားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ ဟေရန်ဆိုတဲ့ သာမန်နတ်ဆရာမလေးကို လှည့်စားပြီး မင်ကြီးနှင့်အတူအိပ်စေခဲ့တယ် နတ်ဆရာမလေး ဟေရန်က သူမကိုယ်ဝန်ဆောင်နေတာကို မသိခဲ့ရှာဘူး သိနေတဲ့မိဖုရားရှင်းနဲ့ နတ်ဆ
ရာမ ဟုန်းဂျူတို့က အောက်လမ်းပညာကိုသုံးပြီး ဟေရန်ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားကို မိဖုရားရှင်းရဲ့ ခန္ဓာကိုယ်ထဲကို သွင်းခဲ့ကြတယ် ဟေရန်က လှည့်စားခံရတာတွေသိရတဲ့အခါ မိဖုရားရဲ့ကလေးတွေကို ကျိန်စာတိုက်ခဲ့တယ်

Allegiant (2016) (မြန်မာစာတန်းထိုး)


Allegiant (2016) (မြန်မာစာတန်းထိုး)

သိပ္ပံဆန်းကြယ် အက်၇ှင်ဇာတ်ကြမ်းကား ကြိုက်နှစ်သက်သူတွေ အတွက် ဇာတ်ကားကောင်းတစ်ကားပါ.။
Insurgent အဖြစ်အပျက်ကြောင့် တံတိုင်းပြင်ပက အစိုးရဖုံးကွယ်ထားတဲ့ ကိစ္စတွေလူတွေသိရှိသွားကြတဲ့အခါ Tris နဲ့ Four တို့အဖွဲ့ဟာ Chicago မြို့ကိုစွန့်ခွာပြီး တံတိုင်းပြင်ပကို ထွက်လာကြပါတယ်။ အဲ့အပြင်ရောက်တော့ Chicago မြို့ကို လူတွေထည့်ပြီး နှစ်ရာပေါင်းများစွာ စမ်းသပ်နေခဲ့တဲ့ အရမ်းကိုတိုးတက်ပြောင်းလဲနေတဲ့ လူတွေကိုတွေ့ရှိခဲ့ရင်းနဲ့မှ ဖုံးကွယ်ထားတာတွေ လိမ်ညာနေတာတွေ ဖြစ်လာ သိလာကြရတယ်။ အဲအပြင် Chicago မှာလည်း တိုက်ပွဲတွေဖြစ်ပျက်နေတဲ့အတွက် Tris ဟာ စွန့်စားပြီး အလွန်ခက်ခဲ့တဲ့ ရွေးချယ်စရာတွေ ကြုံတွေ့လာရပါတယ်။

The Do-Over (2016) မြန်မာစာတန်းထိုး 720P HD

 
The Do-Over (2016) မြန်မာစာတန်းထိုး 720P HD

  ချာလီဆိုတဲ့ ရိုးသားတဲ့ ဘဏ်စာရေးတစ်ဦးဟာ သူကျောင်းသားဘ၀က Crush ခဲ့ဘူးတဲ့ မိန်းမတစ်ယောက်ကို ကလေး ၂ယောက်အဖေ တစ်ခုလပ်ဖြစ်ကာမှ လပ်ထပ်ယူခဲ့တဲ့ အရှုံးသမားတစ်ဦးဖြစ်ပါတယ်။ သူလက်ထပ်ထပ်ထားတဲ့ မိန်းမမှာပါလာတဲ့ အမွှာညီအကိုက သူ့ကို အမျိုးမျိုးဒုက္ခပေး မိန်းမဖြစ်သူကလဲ ယောက်ျားဟောင်းနဲ့ ဖောက်ပြန်စတာတွေကို အလူးအလဲခံနေရတဲ့ သနားစရာသူတစ်ဦးပါ.။

URGE (2016) မြန်မာစာတန်းထိုး 720P HD




URGE (2016) မြန်မာစာတန်းထိုး   720P HD

 အဖော်အချွတ်ခန်း ဖိုမထိတွေ့ခန်းတွေ လှိုင်လှိုင်ပါတာကြောင့် မိသားစုနှင့်ကြည့်ရှု့ရန်မသင့်တော်တဲ့ ဇာတ်ကားတစ်ခုပါ.။

  ပိတ်ရက်ရှည်ကြီးမှာ ပျော်စရာရှာဖွေရန်အတွက် ခရီးထွက်ခဲ့ကြတဲ့ သက်လတ်ပိုင်း လူတစ်စုဟာ ထူးဆန်းတဲ့ နိုက်ကလပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီ့ နိုက်ကလပ်မှာ ထူးဆန်းမှု့က လူတွေဟာ အရှက်သိက္ခာစတာတွေကို ထိန်းချုပ်မှု့ကင်းလွတ်ပြီး ပင်ကိုယ်ဗီဇ အတိုင်း စိတ်လွတ်ကိုယ်လွတ်နေနေကြ ခြင်းဖြစ်ပါတယ် .။ အဲ့ဒီ့နိုက်ကလပ်မှာသုံးစွဲနေတဲ့ စိတ်အာရုံဆန္ဒပြင်းပြစေတဲ့ မူးယစ်ဆေးအမျိုးစားသစ်တစ်မျိုးရဲ့ အငွေ့တွေကို ရှုရှိုက်ကြပြီးတဲ့နောက်မှာ စိတ်လွတ်ထွက်သွားတဲ့ လူတွေ အတွက် ဆန်းကြယ်တဲ့ ဖြစ်ရပ်တွေစတင်လာပါတယ်.။

Cell (2016) မြန်မာစာတန်းထိုး


Cell (2016) မြန်မာစာတန်းထိုး

လျှို့ဝှက်သည်းဖို စာရေးဆရာကြီး Stephen King ရဲ့ ၀တ္တုကိုအခြေခံပြီးရိုက်ကူးထားတဲ့ သည်းထိတ်ဆန်းကြယ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါ၇စေ.။
 ဆန်းကြယ်တဲ့ ဖုန်းလိုင်း Signal တွေကြောင့် ဖုန်းသုံးစွဲနေသူအားလုံး စိတ်ကစဥ့်ကလျားဖြင့် စိတ်ရူးပေါက်မှု့များဖြစ်ပွားပြီး ကမ္ဘာပျက်သလို နေရာအနှံ့လူရူးများဖြင့် ပြည့်နှက်သွားပါတယ်.။ ဖုန်းလိုင်းမှ ဆန်းကြယ်တဲ့ Signal ကိုခံစားလိုက်ရသူတွေဟာ ဓာတ်မသင့်သူတွေအားလုံးကို ထိုးရိုက်ခုတ်နှက်ပြီး အသက်သေဆုံးတဲ့ အထိ အန္တရာယ်လိုက်လံပေးနေတာကြောင့် အသက်ရှင်ကျန်ရစ်သူတွေမှာ ပုန်းအောင်းပြီး ဘေးလွတ်ရာကို ရှာကြံကြရပါတော့တယ်.။ ကျန်ရစ်သူတွေထဲကမှ ပန်းချီဆရာ ဆန်မြူရယ်ဟာ သူ့ရဲ့ မိသားစုကိုရှာပြီး ဘေးလွတ်ရာကို ပြေးဖို့ အတွက်ကြိုးပန်းရင်း ထူးဆန်းတဲ့ Cell Phone Singal ရဲ့ ဆန်းကြယ်မှု့ လျှို့ဝှက်မှု့အဖြေတို့ကို အမှတ်မထင်ရှာဖွေတွေ့ရှိသွားခဲ့မိပါတော့တယ်.။
       သည်းထိတ်ဆန်းကြယ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မိသားစုနှင့်အတူကြည့်ရှု့ဖို့ အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.။

Never Back Down: No Surrender (2016) မြန်မာစာတန်းထိုး


Never Back Down 3 : No Surrender (2016)  မြန်မာစာတန်းထိုး

2016 ထွက် ဒီကားသစ်ကလေးဟာ IMDB 6.5 ရရှိထားပြီး အရင် Never Back Down တွေရဲ့ အဆက်ဖြစ်သလိုပိုလည်း ကောင်းလာတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တလောကလုပ်သွားတဲ့ MMA ပြိုင်ပွဲကို
ပရိသတ်တွေ ကြည့်မိကြတယ်ဟုတ်? သေအောင်ပါသတ်ခွင့်ရှိတဲ့ အန္တရာယ်များတဲ့ ကစားနည်းတစ်ခု၊ သွေးနဲ့
ရင်းပြီး ယှဉ်ပြိုင်ရတဲ့ ကစားနည်းတစ်ခု၊ အချိန်တိုလေးအတွင်းမှာ ဒုက္ခိတဖြစ်သွားနိုင်လောက်တဲ့အားကစားပါ။
အခုကားလေးမှာ အဲဒီ MMA ကစားနည်းအကြောင်းသာမက
ချန်ပီယံဟောင်းတစ်ယောက်ရဲ့ ဘ၀ကိုပါ ခံစားကြရမှာပါ။

The Mermaid (2016) မြန်မာစာတန်းထိုး

စီတီဗင်ချောင်ရိုက်ကူးတဲ့ The Mermaid (2016) မြန်မာစာတန်းထိုး Free Download 

လူရှုပ်လူပွေစီးပွားရေးလုပ်ငန်းရှင် လျူရွှမ်ဟာ သဘာဝအပန်းဖြေကမ်းခြေ စီမံကိန်းတစ်ခုလုပ်ဖို့ အစိမ်းရောင်ပင် လယ်ကွေ့နေရာကို ၀ယ်ယူခဲ့ပါတယ်။ အပန်းဖြေဧရိယာထဲမှာရေနေသတ္တ၀ါတွေရဲ့ အန္တရာယ်ရှင်းအောင်လို့ ဆိုနာနည်းပညာသုံးပြီး ဖယ်ရှားခဲ့ပါတယ်။

တကယ်တော့အစိမ်းရောင် ပင်လယ်ကွေ့ဟာ ရေသူထီးတွေ၊ ရေသူမတွေရဲ့ ကျင်လည်ကျက်စားတဲ့နေရာဖြစ်ပြီး ဆိုနာကြောင့် သေဆုံးတာတွေ၊ နာမကျန်းဖြစ်တာတွေကြုံခဲ့ကြပါတယ်။ မသေဘဲကျန်ခဲ့တဲ့ ရေသူထီး၊ ရေသူမ အဖွဲ့ဟာ သင်္ဘောပျက်ကြီးတစ်ခုထဲမှာ ပုန်းနေကြပြီး သူတို့ကိုဒုက္ခပေးတဲ့ လျူရွှမ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့ကြပြီး ရှန်းဆိုတဲ့ ချောမောလှပတဲ့ရေသူမလေးကို ရွှမ်ဆီကို စေလွှတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ရှန်းဟာ လူယောင် ဖန်ဆင်းပြီး ကချေသည်တစ် ယောက်ပုံစံနဲ့ ရွှမ်ကိုချည်းကမ်ခဲ့ပါတယ်။ ရွှမ်ကတော့ ရှန်းကို မိန်းမရွှင်တစ်ယောက်လို့ ထင်ခဲ့ပြီး သူ့ရဲ့စီးပွားဖက်တွေမနာလိုအောင် ခပ်ချောချောမိန်းကလေးရှန်းကို တွဲဖို့လုပ်ခဲ့ပါတယ်။

Neerja (2016) မြန်ုမာစာတန်းထိုး

ဝမ်းနည်းဖို့ရော၊ အသည်းထိတ်ဖို့ ရော ရသစုံခံစားရမယ့် အိန္ဒိယ  သည်းထိတ်ရင်ဖို အတ္ထုပ္ပတ္တိဒရာ မာ ဇာတ်လမ်းလေးကို ဖော်ပြလိုက်ပါတယ်။
ဇာတ်လမ်းလေးကတော့ ၁၉၈၆ စက်တင်ဘာ ၅ ရက်က ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ Pan Am 73 လေယာဉ်ပြန်ပေးဆွဲ ခံရတဲ့အကြောင်းကို ဇာတ်အိမ် တည်ရိုက်ကူးထားတာပါ။ ဒီ ဇာတ်ကားမှာ အဓိကဇာတ် ကောင်က အသက် (၂၃) နှစ်အ ရွယ် လေယာဉ်မယ်လေး နီရာဂျာ ဘာနော့ဖြစ်ပြီး ပြန်ပေးသမားတွေ ရဲ့ လက်ခုပ်ထဲကရေဖြစ်ခဲ့ရတဲ့ ခရီးသည် ၃၆၁ ယောက်နဲ့ လေ ယာဉ်ဝန်ထမ်း ၁၉ ယောက် အ သက်အန္တရာယ်မရှိရလေအောင် ကာကွယ်ခဲ့တာကို ကြည့်ရှုရမှာ ပါ။
ပျော်စရာမိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်မယ် လေး နီရာဂျာဟာ Pan Am 73 လေယာဉ်ကြီးမှာ လေယာဉ်အရာ ရှိ (ပါဆာ)အဖြစ် ပထမဆုံးတာ ၀န်ထမ်းဆောင်ရမှာပါ။ သူတာ ၀န်ထမ်းမယ့် လေယာဉ်ကြီးဟာ အကြမ်းဖက်သမားလေးယောက် ကို တင်ဆောင်လာမိတဲ့အတွက် ကြမ္မာဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတော့ တယ်။

Mid Nigh Special (2016) မြန်မာစာတန်းထိုး

2016 ရဲ့ အကောင်းဆုံး ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သိပ္ပံဇာတ်ကားကောင်းတစ်ကား.။

Mid Nigh Special (2016) မြန်မာစာတန်းထိုး

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

Norm Of The North (2016) မြန်မာစာတန်းထိုး


- ကလေး၊ လူကြီးမရွေး သဘောကျမယ့် စွန့်စားခန်းသရီး ဒီအန်နီမေးရှင်းဇာတ်ကားသစ်လေး ထွက်လာပြန်တာကြောင့် ပရိသတ်တွေအကြိုခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံ (ပိုလာဝက် ဝံ)တစ်ကောင်ဖြစ်တဲ့ နောမ်ဟာ ဘယ်လိုအမဲလိုက်ရတယ်ဆိုတာ မသိတဲ့ ဝက်ဝံတစ်ကောင်ဖြစ်ပြီး သူ့မှာရှိတဲ့ သူမတူတဲ့ စွမ်းရည် တစ်ခုကတော့ လူတွေလိုစကား ပြောတတ်တာပဲ ဖြစ်ပါတယ်။

မာန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 (မြန်မာစာတန်းထိုး) 18+ 720P HD

ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။ Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး... :) .။

Doctors Korea Drama(မြန်မာစာတန်းထိုး)


Doctors (2016) Korea Series မြန်မာစာတန်းထိုးအခု Dots လို အရမ်း Hot ဖြစ်နေတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ် အက်ရှင်ဇာတိလမ်းလေးပါ။Imdb Rating 8.1/10ဒီကားလေးက နှုတ်ခမ်းနီမလေးတွေရော. Kpop ကြိုက်တဲ့ကွီးတွေရော ကြိုက်မဲ့ကားလေးပါ.ထွက်တာမကြာသေးပေမယ့် Feedback တွေအရမ်းကောင်းလို့ ဘာသာပြန်တင်ပေးလိုက်ပါတယ် .။ အက်ရှင်လို့လဲပြောလို့ရသလို ဒရာမာလို့လဲပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ ဇာတ်လိုက်ကောင်မလေးက ကျောင်းမှာ လူဆိုးလူမိုက်ကြီးတစ်ယောက်လို အရမ်းကြမ်းတယ်ပေါ့ဗျာ. သူ့ဘ၀ကို လုံခြုံနွေးထွေးမှု့ပေးပြီး လမ်းကြောင်းမှန်တည့်ပေးမယ့် မီးရှုးတန်ဆောင်လို ယောက်ျားတစ်ယောက်နဲ့ မတွေ့ခင်အထိပေါ့..။ ထင်ရာစိုင်းနေတဲ့ ကျောင်းလူမိုက်မလေးတစ်ယောက်ဘ၀ကနေ ဆရာဝန်မလေးတစ်ယောက် ဖြစ်အောင် ကြိုးစားရုန်ကန်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အတုယူစရာဇာတ်လမ်းလေးပါ.။ Romantic လဲ ဆန်သလို ဆေးလောကနောက်ခံဇာတ်လမ်းဖြစ်တဲ့ အပြင် အက်ရှင်ခန်းတွေနဲ့ ပါထပ်ဖြည့်ထားတာမို့ စွဲမက်စရာအပြည့်နဲ့ပေါ့......။ထပ်ပြောနေရင် ဇာတ်ကားကို ဖျက်ဆီးသလိုဖြစ်မှာစိုးလို့ ကြည့်သာကြည့်လိုက်ကြပါတော့ဗျာ.။လက်ရှိ ကိုးရီးယားရုပ်သံလိုင်း SBS မှာ ၂ ပိုင်းသာ ပြသရသေးသော်လဲ Imdb Rating ကလဲ 8.1/10 အထိတောင် မြင့်မားစွာရရှိထားတဲ့ ဇာတ်ကားတစ်ကားပါ.။ဘာသာပြန်တောင် ပြန်နေရင်း မျက်ရည်ဝဲတဲ့ကား အဖြစ်အမှတ်တရ ဖြစ်စေခဲ့တဲ့ကားပေါ့.။

Tuesday, July 19, 2016

All Ladies Do It 1992 (HD) 18++++


IMDb မှာ Rating:5.3/10 1872 votes အများဆုံးရရှိထားတဲ့ Comedy, Drama, Erotic 
18++++ အီတလီဇာတ်ကားကောင်းကြည့်ချင်သူတွေအတွက် ဒီနေ့တင်ပေးလိုက်ပါပြီ။ 

Tuesday, June 28, 2016

+18 လူသားစား သွေးစုက် ဖုတ်ကောင် ဇာတ်ကားလေးပါ Nina Forever (2015) + 18 HD


ဒီတစ်ခါတော့  Nina Forever (2015) + 18 HD သရဲ့ဇာတ်ကားလေးကို တင်ပေးလိုက်ပါတယ်ဗျာ။

ဒီဇာတ်ကားလေးကတော့ + 18  လူသားစား သွေးစုက် ဖုတ်ကောင် ဇာတ်ကားလေးပါ ။

ကြောက်တတ်သူများ ကြည့်ရှုရန် မသင့်ပါ...

အဆိုတော် ဟိန်းထက်ရဲ့... favorite မဟုတ်သော...နင်




မူရင်းခွေကိုလည်း အားပေးလိုက်ကြပါအုန်းနော်...။

ကျွန်တော် မနေ့က ကြိုပြီးတင်ပေးခဲ့တဲ့... Favorite မဟုတ်သော... နင်ဆို တဲ့ သီချင်းလေးကို

ပရိတ်သတ်ပေါင်းများစွာ... အားပေးပြီး.... Download ချကာ နားဆင်ခဲ့သည့်အတွက်

အရမ်းကျေးဇူးတင်ရှိပါတယ်လို့... အဆိုတော် Ko Hein Htet ကိုယ်စား ကျွန်တော် ချမ်းမြေမောင်မှ... ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

Saturday, June 25, 2016

Female War - Lousy Deal (2015)+18- HD [Part 2]




ကိုရီးယား  ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ [Part 2] ဖြစ်ပါတယ်။

Female War - Lousy Deal (2015) +18-HD [Part 1]



ကိုရီးယား  ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ [Part 1] ဖြစ်ပါတယ်။