Blogger တွေအတွက် ဒီလိုလုပ်နည်းလေးတွေကို Photoshop နဲ့ ဖန်တီးတတ်အောင် 
တင်ပေးချင်ပေမယ့် အဆင့်တွေများပြီး လုပ်နည်းက ရှုပ်တဲ့အတွက် တင်ပေးဖို့ 
အဆင်မပြေခဲ့ပါ..။ အခုတော့ အပေါ်မှာ ပြထားတဲ့ ဒီဇိုင်းတွေ အပြင် 
နောက်ထပ်ဒီဇိုင်းမျိုးစုံကိုပါ အလွယ်ကူးဆုံး ဖန်တီးယူလို့ ရမယ့် 
Website လေးတစ်ခု တွေ့ရှိခဲ့ပါပြီ..။ အဲ့ဒီဆိုဒ်လေးမှာ မိမိတို့ရဲ့ Blog 
နာမည်တွေနဲ့ Blog လိပ်စာလေးတွေကို Animated စာလုံးတွေကို အလွယ်ကူဆုံး 
ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီဆိုဒ်လေးမှာ မြန်မာစာရေးလို့ 
ရတယ်ဆိုပေမယ့် ပုံမှန် Zawgyi-One ဖေါင့်နဲ့ ရေးလို့ မြန်မာစာ 
အမှန်မပေါ်ပါဘူး..။ ကမောက်ကမ စာလုံးတွေပဲ ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒီဆိုဒ်လေးက
 ကျနော်တို့ Windows 8 မှာ ပါလာတဲ့ MM3 ဖေါင့်ကို Support လုပ်တဲ့အတွက် 
ကျနော်မြန်မာစာ အမှန်ပေါ်အောင်လို့ KaNaung Converter ကို 
အသုံးပြုပြီး မြန်မာစာ ပေါ်အောင် ဖန်တီး ပြထားပါတယ်..။ ဒီ KaNaung 
Converter လေးကို ဒေါင်းယူပြီး Zawgyi-One ကနေ 
Myanmar3 ဖေါင့်ပြောင်းသုံးတတ်အောင်ပါ 
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ နောက်တခုက ဒီဆိုဒ်လေးမှာ Animated 
စာလုံးတွေအပြင် အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေပါ လုပ်ယူလို့ ရပါသေးတယ်..။ 
ကျနော်ဒီပိုစ့်မှာ ပြထားတဲ့ ဒီဇိုင်းတွေကို အသုံးပြုတတ်အောင် အောက်မှာ 
ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ 3D Text နဲ့ Animated စာလုံးတွေကို 
ဖန်တီးချင်တဲ့သူများကတော့ ဒီဆိုဒ်လေးကို အောက်ကလင့်တွေကနေ 
ဝင်သွားလိုက်ပါဗျာ..။
Animated စာလုံးများ ရွေးယူရန်..
မီးလောင်နေတဲ့ စာလုံးများ ဖန်တီးရန်..
နောက်ခံမီးလင်း၊မှောင် လှုပ်ရှားနေတဲ့ စာလုံးများ ဖန်တီးရန်..
အပေါ်ကလိုမျိုး အရိပ်ပြန်ထင်နေတဲ့ 3D စာလုံးတွေကို ဖန်တီးဖို့ အောက်ကလင့်ကနေ အလွယ်ဝင်သွားလိုက်ပါ..။
မြန်မာလို စာလုံးတွေ ဖန်တီးဖို့ အရင်ဆုံး KaNaung Converter ကို အောက်ကလင့်ကနေ ဒေါင်းယူထားလိုက်ပါဗျာ..။
KaNaung Converter ကို W8 နဲ့ W7 ၂မျိုးလုံးမှာ အသုံးပြုလို့ အဆင်ပြေပါတယ်..။ အောက်ကပုံအတိုင်း ၂မျိုးနဲ့ ပြပေးထားပါတယ်..။ 
အပေါ်ပုံနဲ့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း KaNaung Converter ကို 
၂ချက်တောက်ပြီးရင် Zawgyi-One နဲ့ myanmar3 စာသားနေရာတွေကို 
သွားပြောင်းပေးလိုက်ပါ..။ ပြီးရင်တော့ Zawgyi-One ဘက်မှာ ဇော်ဂျီဖေါင့်နဲ့ 
စာရေးပြီးရင် အောက်ဆုံးက ->> Convert Now ->> နှိပ်လိုက်ပါ..။ 
Myanmar3 ဘက်မှာ ပေါ်လာတဲ့ စာတွေကို စလက်ပေးပြီး Right Click >> copy 
ယူပါ..။
ပြီးရင်တော့ အောက်ကပုံတွေအတိုင်း Logo Text နေရာမှာ paste နဲ့ ထည့်လိုက်ရင်
 အဲ့ဒီနေရာမှာ မြန်မာစာ အမှန်မပေါ်ပေမယ့် သူ့အပေါ်က ဒီဇိုင်းမှာတော့ 
မြန်မာလို အမှန်ပေါ်လာပါပြီ..။
အောက်ကပုံကတော့ အပေါ်ပုံ နေရာကို ရောက်အောင် မူလစာမျက်နှာကနေ ဝင်ပြီး ဝင်သွားပြထားပါတယ်..။ 
အပေါ်ပုံအတိုင်း KaNaung Converter ကနေ စလုံးတွေကို ထည့်ပြီးရင် Create Logo
 စာသားကို နှိပ်ပေးလိုက်ပါ..။ ခဏစောင့်နေလိုက်ရင် အောက်ကပုံအတိုင်း 
ဆက်ပေါ်လာပါလိမ့်မယ်..။ Download စာသားကို နှိပ်ပြီး မိမိတို့ ဖန်တီးထားတဲ့ 
စာလုံးတွေကို ဒေါင်ယူလို့ ရသွားပါပြီ..။ Logo / Shadow / Backgroung / 
Image Size စာသားနေရာတွေကနေ ဝင်ပြီး စာလုံးတွေကို ပြုပြင်လို့ ရပါသေးတယ်..။
 ဒီမှာ လုပ်ပြထားတာကတော့ သူ့ဆိုဒ်မှာ ပေးထားတဲ့ အတိုင်းပဲ 
လုပ်ယူလိုက်တာပါ..။
အောက်ကပုံကတော့ Animated စာလုံးတွေကို လုပ်ယူထားတာပါ..။ အပေါ်က ပုံနဲ့ လုပ်နည်းအတူတူပါပဲ..။
မီးလောင်နေတဲ့ စာလုံးတွေကို ဖန်တီးချင်ရင်တော့ အောက်ကပုံအတိုင်း နှိပ်ပြီးလုပ်ယူပါတယ်..။
Download ကိုနှိပ်လိုက်ရင်တော့ ဖန်တီးထားတဲ့ စာလုံးဒီဇိုင်းတွေကို 
ရရှိသွားပါပြီ..။ အောက်က ပုံကတော့ စာလုံးအရောင်နဲ့ နောက်ခံ 
ဒီဇိုင်းတွေကို ပြင်ချင်တယ်ဆိုရင်တော့ Logo ကို နှိပ်ပြီးသွားလိုက်ပါတယ်..။
 Advanced ကနေ ဝင်ချိန်လို့ ရပါသေးတယ်..။ ဒီလောက်ဆိုရင်တော့ Animated 
စာလုံးတွေနဲ့ 3D Text စာလုံးတွေကို မြန်မာလိုပါ ဖန်တီးယူလို့ ရသွားပါပြီ..။
 အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေဗျာ..။






















No comments:
Post a Comment