Monday, February 29, 2016

အိမ်​ခြံ​မြေ​ဈေး နည်းနည်းပို​တွေး​သော်

လက်သမားဆရာတစ်ဦးကို လုပ်ငန်းခွင်အတွင်း ၌ တွေ့ရစဉ်။မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် အကြောင်းရေးလျှင် အိမ်ခြံမြေနှင့် ဆက်စပ်မှုရှိသော
အခြေခံ အကြောင်းအချက်များကို ဦးစွာ စဉ်းစားရန်ဖြစ်သည်။
(၁) လူဦးရေတိုးပွားမှု
(၂) ဒုက္ခသည်ဖြစ်ပေါ်မှု
(၃) ပြည်တွင်းရွှေ့ပြောင်းမှု
(၄) စီးပွားရေးပြောင်းလဲမှု
(၅) စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှု
(၆) လူမှုရေးစရိုက်လက္ခဏာ
အထက်ပါခေါင်းစဉ်ကြီးများအောက်တွင် ခေါင်းစဉ်ငယ်ပေါင်း အလွန်များစွာရှိသည်။

အသေးစိတ်အချက်အလက်များမှာ တော်ရုံ တန်ရုံ စိတ်ဝင်စားသူများပင် လိုက်မမီ၊ သတိ
မမူမိလောက်အောင် ထူးထွေများပြားလှ သည်။ ယခုဆောင်းပါးသည် ကျမ်းကြီးတစ် စောင်အဖြစ် လေ့လာသုတေသနပြု၍ ရေးသား ပြုစုခြင်းမဟုတ်၍
သာမန်မြင်သာ သော အချက်များကိုသာ ရေးသားတင်ပြပါမည်။ လူဦးရေတိုးပွားမှု
လူဦးရေများလာလေလေ နေစရာ အိမ် မျိုးစုံ ပို၍လိုအပ်လာလေလေဖြစ်သည်မှာ ရှင်းလှ
သည်။ သီးနှံစိုက်ပျိုးရန်၊ စက်မှုလုပ်ငန်း တည် ထောင်ရန်၊ ဖျော်ဖြေရေးဝန်ဆောင်မှုမျိုးစုံ
လုပ်ရန်၊ ခြံများ၊ မြေများ ပို၍လိုအပ်လာပေမည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသနေ လူဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး မြို့နေလူဦး
ရေမှာ ၃၀ ရာခိုင်နှုန်းခန့်သာရှိခဲ့သည်။ ဤအချိုး နှုန်းသည် နှစ်ပေါင်းများစွာ ပြောင်းလဲမှုကြီး
ကြီးမားမား မဖြစ်ခဲ့ပေ။ သို့ရာတွင် လွတ်လပ် ရေးရပြီး မကြာမီ တောခိုပုန်ကန်မှုများ
ကြီးထွားလာ၍ ပြည်တွင်းစစ် မီးတောက် လောင်သောအခါ ကျေးလက်ဒေသတွင်
စစ်ဘေးဒဏ်အများဆုံးခံရ၍ မြို့ကြီးများပေါ်  သိုစစ်ဘေးဒုက္ခသည်များနှင့် စစ်ရှောင်သူများ
ပြောင်းရွှေ့ခဲ့ကြသည်။ ဤတွင် ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် လူဦးရေ
သိသိသာသာ များပြားလာပြီး နေအိမ်အခက်အခဲ ဖြစ်ရသည်။
မြို့တော်ကြီးများတွင် လူဦးရေတိုးလာခြင်းမှာ ကျေးလက်ဒေသများမှ စစ်မက်နှင့်မလုံခြုံ
မှုများကြောင့် တွန်းထုတ်လိုက်ခြင်း (pump out) ဖြစ်စဉ်နှင့် မြို့ကြီးများက စုတ်ယူ
ဆွဲသွင်းခြင်း (suck in or pull in) ဖြစ်စဉ်များကြောင့်လည်း ဖြစ်ရလေသည်။ ဥပမာ
ရန်ကုန်မြို့တော်ကြီးကို နယ်အရပ် ရပ်က လူအများ တွန်းပို့လိုက်ရခြင်း အကြောင်း
များစွာရှိသည်။
ဒုက္ခသည်ဖြစ်ပေါ်မှု လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကြောင့် ကျေးလက်ဒေသများတွင်
စစ်ဘေးဒုက္ခ ရောက်သူများ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာ ခဲ့သည်။ နာဂစ်မုန်တိုင်းကြီးအပါအ၀င် မုန်တိုင်းများကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်စသည့်ဒေသများက လေဘေး၊ ရေဘေးဒုက္ခသည်များ ရန်ကုန်စသည့်မြို့ကြီး များသို့ ရောက်ရှိလာကြသည်။ ပြည်တွင်း ရွှေ့ပြောင်းမှု (Internally Displaced Persons-(IDPs) ဆိုသည်မှာ စစ်ဘေး၊ သဘာဝဘေး၊ ရောဂါ ဘေး စသောကပ်ကြီးသုံးပါးကြောင့် လွတ်ရာ ကျွတ်ရာ၊ အထူးသဖြင့်
လုံခြုံစိတ်ချရသော တရား ဥပဒေစိုးမိုးမှုရှိရာမြို့ကြီးများသို့ ပြည်တွင်း ရွှေ့ပြောင်းသူများ
ရောက်ရှိကုန်ကြသည်။ စီးပွားရေးပြောင်းလဲမှု ကျေးလက်ဒေသတွင် အလုပ်အကိုင်
ရှားပါးလာခြင်း၊ စိုက်ပျိုးမြေများ သိမ်းခံရ၍ လုပ်ကွက်ပျောက်ခြင်း၊ ကျေးလက်ရိုးရာအနု
ပညာလက်မှုပစ္စည်းများအစား၊ စက်မှုပစ္စည်း များ ဈေးကွက်တွင်ကျယ်လာသောကြောင့်
ကျေးလက်မှ လက်လုပ်လက်စားများ အလုပ်မဲ့ ၀င်ငွေမရှိသောအခါ မြို့ကြီးသို့ တက်သွား
ရ ခြင်း၊ မြို့ကြီးများတွင် စက်ရုံအလုပ်ရုံကြီးများ တိုးတက်ဖြစ်ပေါ်လာသောအခါ စက်ရုံ လုပ်သား
လိုအပ်ချက် များပြားသောကြောင့် လယ်ယာစိုက်ပျိုးရေးဘက်တွင် အလုပ်မရှိသူ များ မြို့ကြီးများမှ
စက်ရုံလုပ်သားနေရာသို့ ကွက်လပ်ဖြည့် နေရာယူလာခြင်းစသော မြို့ကြီးများတွင် လူဦးရေတိုးစေ
သည့် စီးပွားရေး အကြောင်းခြင်းရာများ စွာရှိသည်။ ကျေးလက်တောရွာမှ မြို့တော်ရန်ကုန်သို့
ရွှေ့ပြောင်းလာသော အမျိုးသားခပ်ကြီးကြီး များသည် ဆိုက်ကားနင်းသူနင်း၊ ပန်းရန်လက်
သမားလုပ်သူလုပ်၊ လုပ်စရာမရှိလျှင် အထမ်း နှင့် ဈေးလည်ရောင်းကြသည်။
အမျိုးသား လူငယ်လူရွယ်များကမူ ဆောက်လုပ်ရေးလုပ် ငန်းခွင်၊ လမ်းဖောက်ပြုပြင်လုပ်ငန်းခွင်
စသော ရရာ အလုပ်ကြမ်းများဝင်လုပ်ကြသည်။ အလုပ် မရလျှင် ပျံကျလုပ်ရင်း မြို့ကြီးကလူလည်
များနှင့်တွေ့ကာ ခါးပိုက်နှိုက်၊ ခိုးဆိုးသည့် ရာဇ၀တ်မှုအလုပ်ထဲရောက်သွားကြသည်။
အမျိုးသမီးခပ်ကြီးကြီးများသည် လမ်း ဘေး စင်္ကြံပေါ်တွင် ဈေးရောင်းခြင်း၊ ခေါင်း ရွက်ဗျပ်ထိုး
ဈေးရောင်းခြင်းနှင့် အိမ်တကာ လည် အ၀တ်လျှော်သန့်ရှင်းရေးကို ပုတ်ပြတ် သဘော
လုပ်ပေးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုသည်။ မိန်းမပျိုငယ်ရွယ်သူများက စက်ရုံများက
အလုပ်ပေးနိုင်သလောက် စက်ရုံ အလုပ်သမဖြစ်ကြရသည်။ ထိုအလုပ်မရရှိ လျှင်
ဆောက်လုပ်ရေးနှင့် လမ်းပြင်လုပ်ငန်းခွင်၌ ဘိလပ်မြေရွက်၊ ကျောက်ရွက်၊ အုတ်
သယ်အလုပ်ကြမ်းမျိုးလုပ်ကြရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ အလုပ်သမများ မြေသယ်နေစဉ်။မြန်မာတိုင်း(မ်)
အများ အားဖြင့် စားသောက်ဆိုင်၊ အလှပြုပြင်ဆိုင် တို့တွင် အကူလုပ်ခြင်း၊ အိမ်ဖော်အကူ
လုပ်ခြင်းမှ ကာရာအိုကေ၊ မာဆာ့ခ်ျ၊ ကေတီဗီ ထဲဝင်ရောက်သွားသည်လည်းရှိသည်။
မြီးကောင်ပေါက်အရွယ် မရောက် တစ်ရောက် ဆယ်ကျော်ရုံယောက်ျားလေး မိန်းကလေး
များသည် လမ်းဘေးလက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်မှအစ ဆိုင်မျိုးစုံ တွင်
တောက်တိုမည်ရလုပ်သော ကလေးလုပ် သားလေးများ ဘ၀ရောက်ကြရသည်။
စာရင်းချုပ်သော် စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကြီးများပင်ရှိသည် ဆိုသည့်
ကျေးလက်ဒေသနေ ပြည်သူများ မြို့ကြီး ရောက်လာပြီး တတ်သမျှ၊ လုပ်နိုင်သမျှ၊
ရသမျှ အလုပ်တွေ ၀င်လုပ်ကြသော်လည်း သွားလာ စရိတ်ကထောင်းသေး၊
စားစရိတ်ကကြီးသေး၊ ၀မ်းတစ်ထွာဝဖို့အရေးပင် မလောက်တလောက် ၀င်ငွေနှင့်ဆိုသော်
ထိုသို့ရန်ကုန်မြို့ပေါ်တွင် တိုးပွားလာသည့် ပျံကျရွှေ့ပြောင်းလူဦးရေ အများကြီးက
ဘယ်မှာနေကြမည်နည်း၊ မည်သို့ နေကြမည်နည်း။ နေရေးဆိုသည်လွယ်သည့်ကိစ
္စ မဟုတ်။ ရန်ကုန်တွင်နေစရိတ်က အလွန်ကြီးသည်။ ရှာဖွေရရှိသမျှ၏ ငွေအားလုံးနှင့်ပင်
လောက် ချင်မှလောက်သည်။
တစ်ကိုယ်ရေ တစ် ကာယသမားပင် ကျော တစ်ခင်းစာအတွက် ကျပ် ၂၀,၀၀၀ မှ ၆၀,၀၀၀
အထိ ဖြစ်ကုန် သည်။ မိသားစု အိမ်ထောင်တစ်ခုအတွက်ဆို တဲထိုးနေရုံမှလွဲ၍ အိမ်ခန်း
တိုက်ခန်းနား ကပ်၍မရ။ အိမ်ခန်းတိုက်ခန်းဈေးက ခေါင်ခိုက်နေ သော ရန်ကုန်လိုမြို့ကြီးတွင်
တိုးပွားများပြား လာသော မူလသန္ဓေမိသားစုက ပေါက်ဖွား လာသည့် မျိုးဆက်သစ်များပင်
မတတ်နိုင်၍ လူပျိုကြီးအပျိုကြီး ဖားဖားဖြစ်လာသည့် စုံတွဲ များ အိမ်ခန်းတိုက်ခန်းငှားရမ်းငွေ
စုရင်းစုရင်း နှင့် အရွယ်တော်တစ်ဆိတ်ဟိုင်း၍ နေစရာ အတွက် အသက်ကြီးကုန်သည်။
စီးပွားရေးပြောင်းလဲမှုကြောင့် နေရေး ခက်ပုံကို ပြော၍ မကုန်ပေ။ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှု
မြန်မာပြည်၌ အိမ်ခြံမြေအခန်း မလုံ လောက်မှုကြောင့် ဈေးမြင့်တက်ရခြင်း၏ အကြောင်း
ရင်းများစွာထဲတွင် ဤနိုင်ငံ့ ခေါင်း ဆောင်တို့၏ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှု ညံ့ဖျင်း၍
ဖြစ်ရသည်က အဆိုးဆုံး၊ စီမံခန့် ခွဲရေးနှင့် အုပ်ချုပ်မှုဟူသည် လုပ်ပိုင်ခွင့်ရှိသော
တာဝန်ရှိသူ ခေါင်းဆောင်အဆင့်ဆင့်၏ မူလ အလုပ်ပင်ဖြစ်သည်။ ဤအဓိက အလုပ်
ကိုမှ အဆင့်မီအောင် အရည်အချင်းရှိရှိ မလုပ်နိုင် မှတော့ တစ်တိုင်းပြည်လုံး စားဝတ်နေရေး
အခက်ကြီးစွာ ကြုံရသည်။ ဤအထဲတွင် နေရေး ထိုင်ရေး အခက်အခဲသည် အုပ်ချုပ်ရေး
ညံ့ဖျင်းမှုကြောင့်ဖြစ်သည်။ ခေါင်းဆောင်များ အုပ်ချုပ်မှုလွဲမှားသောကြောင့် လက်နက်ကိုင်
စစ်တိုက်ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေး မရှိတော့။ ထို့ပြင် ကျေးလက်ဒေသနေ ပြည်သူ အများစု လုပ်ကိုင်
စားသောက်ရာတွင် အသုံး ပြုရသည့် လယ်ယာမြေများကို သိမ်းသည်။ တပ်မြေအတွက်၊
စက်ရုံမြေအတွက်၊ ဌာနမြေ အတွက် စသဖြင့် မြေဧကအလွန်များစွာ သိမ်းသည်။
စီမံအုပ်ချုပ်ရေး အလွန်ညံ့ဖျင်း သိမ်နုတ်သောကြောင့် သိမ်းသမျှမြေ၏ ဆယ်ပုံ တစ်ပုံ၊
တစ်ရာပုံတစ်ပုံသာ အမှန်တကယ် အသုံးချသည်။ ကျန်အလဟဿဖြစ်သော မြေလွတ်များတွင်
ကျေးလက်ပြည်သူများ လည်း ဘာမှ မလုပ်ရ၊ သိမ်းသူများလည်း ဘာမှ မလုပ်ဘဲ အပိုင်စီး၍
ပုဂ္ဂလိကပိုင်လုပ်ကာ လက်ညှိုးထိုး၍ အရောင်းအ၀ယ်အကြီး အကျယ်လုပ်ကြသည်။
လက်ပြောင်း လက်လွှဲ လုပ်ရင်း မြေဈေးတွေ ထိုးထိုးတက်ကုန်သည်။
အုပ်ချုပ်ရေးဤမျှ သိမ်နုတ်သောကြောင့် အိမ်ခြံမြေဈေးကွက် ပျက်ရသည်ကို အုပ်ချုပ်သူ
လူတန်းစား များ အတ္တလွန်ကဲစိတ်၊ လောဘ စိတ်များ မလွှမ်းမိုးတော့ဘဲ သတိပြန်ဝင်၊
အသိ ပြန်ရရန် အရေးကြီးလေသည်။ လူမှုရေးစရိုက်လက္ခဏာ လူမှုရေးဟူသည် လူ့ဘ၀လူ့လောက၌ တွေးမကုန် ရေးမလောက်အောင် ကျယ်ဝန်း သော အကြောင်း
အရာဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဟူသည်
လူမှုရေးစရိုက်လက္ခ ဏာများပင်ဖြစ်သည်။ ပညာဟုဆိုလိုက်လျှင် လူတို့၏ သိမှု၊ မြင်မှု၊
တွေးမှုကို နည်းလမ်းတကျ တတ်သိစေသော အယူအဆ ခံယူချက်ကောင်းများကို ဖြစ်စေ
သည့် အလေ့အကျင့်အကြံဉာဏ်ဖြစ် သည်ဟု အတိုဆိုကြသည်။
ယနေ့မြန်မာနိုင်ငံ တွင် ပညာဉာဏ်အမြော်အမြင်ကြီးသည့် ခေါင်းဆောင်အဆင့်ဆင့်
မည်မျှရှိသနည်းဟု တွက်ဆသော်၊ နေ့စဉ်မြင်တွေ့လုပ်ဆောင်ဖြစ် ပျက်နေသည်ကလေးမျှကို
ဘယ်အခြေအနေ ရှိမှန်း လိုက်မီအောင် မတွေးမိသူသာ များနေ သည်။ လုပ်နေကျ၊ တွေ့နေ
ကျကိုသာ သိရုံ မျှနှင့် သတိလက်လွတ်စွာ စိုက်လိုက်မတ်တပ် တွေးတတ်လုပ်တတ်နေကြသည်။
ထိုမျှ ဉာဏ် ပညာအဆင့်အတန်းဖြင့် ဘာဖြစ်၍ ဘာလုပ် ပေးရမည်ကို ဖောက်ထွင်းစဉ်း
စားပေးနိုင်မည် မဟုတ်ချေ။ ဥပမာ မြန်မာမှုနယ်ပယ်၌ ဖြစ်လာသည့် လူမှုရေးစရိုက်
လက္ခဏာကြီးတစ်ခုကို အပေါ် ရံ လျှပ်၍ မီးမောင်း (Search Light) ထိုးပြမည်။ ၁၉၈၈
ခုနှစ် စစ်အစိုးရတက်လာပြီးနောက် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဟု
ကြွေးကြော်ကာ တပ်အင်အား တိုးချဲ့ ရန် စီမံကိန်းချလုပ်ဆောင်ခဲ့သည်။ သို့ဖြင့် တပ်
မတော်စစ်သည်တော်အင်အားများပြားကြီး မားခဲ့သည်မှာ လေးသိန်းခွဲရှိသည်ဟုဆို၏။
ကျေးတောသူ မိဘများလည်း အသက် ၁၀ နှစ်ပင် မပြည့်သေးသည့် သားငယ်များကို
အိမ်တွင်ထား၍ လုံခြုံမှုမရှိ သောအခါ ရွာက ဘုန်းကြီးထံအပ်သည်။ မြို့ငယ်မြို့ကြီးများက
ကြီးမားသော ဘုန်းကြီးကျောင်းများထံ ဦးလေး ဘုန်းကြီး၊ ဘဘုန်းကြီး အားကိုးဖြင့်
ပို့အပ်ကြသည်။
တစ်ပြည်လုံးရှိ ဘုန်းကြီးကျောင်းများ ပထမ ကပ္ပိယကလေးငယ်များ ပွားများလာ၏။ နောက်
ကိုရင်များ၊ နောက်ဦးပဉ္ဇင်းများ တိုးပွား များပြားလာလိုက်သည်မှာ သံဃာဦးရေ လေးသိန်းခွဲ
အထိ ရှိလေ၏။ သံဃာဦးရေဤမျှ များသော် ဘုန်းကြီး ကျောင်းဦးရေရော၊ အကျယ်အ၀န်းပါ
တိုးပွား ရသည်မှာ ဓမ္မတာပင်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် ဘုန်းကြီးကျောင်း
ဝတ္တကမြေနှင့် သာသနာပိုင်မြေ၊ သာသနိက အဆောက်အအုံရှိရာ မြေမည်မျှများသည်ကို
ကြည့်တတ်လျှင် မြင်ပေမည်။ ဓွသသါူန နမေအ့ စြေဓ ကို အင်တာနက်မှ ဆွဲကြည့်ပါက
ရန်ကုန် မြို့တော်တွင် သာသနာပိုင်မြေ မည်မျှရှိ သည်ကို တွေ့ပါမည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ
နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတော်ကြီးတွင် သာသနိက အဆောက်အအုံများ၊ ဘာသာရေး
ဆိုင်ရာ မြေများ တိုးပွားလာသည်မှာ ကောင်း ပါ၏။ သို့သော် မမျှော်လင့်ဘဲ ဖြစ်ခဲ့သော
လူမှုရေးစရိုက်လက္ခဏာ ပယောဂတစ်ရပ် ကြောင့် ရန်ကုန်မြို့တော်ဝန်းကျင်၌ လူနေ အိမ်များ
ဆောက်၍မလောက်၊ ကျူးကျော်အိမ် များ ဖျက်၍မကုန်၊ လစာနည်း ၀န်ထမ်းနှင့် ဆင်းရဲနွမ်း
ပါးသူများအတွက် တန်ဖိုးနည်း အိမ်ရာဆောက်ရန် လျာထား၍ မလုံလောက် ဖြစ်နေရခြင်းတွင်
ဤသို့သော စဉ်းစားပေး စရာများလည်း ရှိသေးကြောင်း မီးမောင်းထိုးပြ ရုံသာ ဖြစ်တော့သည်။
အိမ်ခြံမြေဈေးကွက်တွင် အဆမတန် ဈေးတက်ခဲ့ရခြင်းဆိုင်ရာ တိုက်ရိုက်ဖြစ်ရပ်မှာ ၁၉၈၈ ခုနှစ် စစ်အစိုးရတက်ပြီးနောက် ဈေးကွက်စီးပွားရေး ကျင့်သုံးပြီး ပုဂ္ဂလိကများ ကို ကုမ္ပဏီ
တည်ထောင်ခွင့်၊ စီးပွားရေး လုပ်ခွင့်ပေးခဲ့သည်။ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းလုပ်ကြရာ၊
နိုင်ငံခြား ဒေါ်လာဝင်ငွေ အမြောက်အမြား ၀င်ခဲ့သော လုပ်ငန်းရှင်များ သည် ၁၉၉၅
ခုနှစ်ရောက်သော် ငွေရင်းငွေနှီး အတော်များများ စုဆောင်းမိသည်။
ဤတွင် ကုန်သွယ်ရေး (Trading) က ထုတ်လုပ်ရေး (Production) နှင့် ၀န်ဆောင်မှု
(Servicing) ဘက်ကို ပြောင်းလုပ်ကြသည်။ စက်ရုံတည်ဆောက်ရန် စက်မှုဇုန်များ
ထူ ထောင် ပေးသည်။ ဟိုတယ်နှင့် စားသောက် ဆိုင်ကြီးများ တည်ဆောက်ရန် BOT
စနစ်ဖြင့် မြေကွက်များ ချပေးသည်။ စတင်ဆောက်လုပ် ကြရာမှ မြေဈေးတွေ တက်လာ
သည်။ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်၌ တစ်ဧက ကျပ်သိန်း ၅၀ ပေးသွင်းစေ၍
ပါမစ်ချပေးခဲ့ ရာက ပြန်ရောင်းရင်း ကျပ်သိန်း ၃၀၀ ဖြစ်လာ သည်။ ဤတွင် ချပေးသော
အိမ်ရာစီမံကိန်း များဖြစ်သည့် တောင်၊ မြောက်၊ အရှေ့၊ ဆိပ်ကမ်း၊ ဒဂုံမြို့သစ်နှင့် လှိုင်သာယာ၊
ရွှေပြည်သာ အိမ်ရာ မြို့နယ်များလည်း ပါမစ် ရသူ ပြန်ရောင်းစား၍ ဈေးတက်လာသည်။ အိမ်ရာ စီမံကိန်းမဟုတ်သော နေရာများက မြေများလည်း အပေးအယူ (ဆိုင်ရာပိုင်ရာတို့) လုပ်ရင်း
ဈေးများခုန်တက်လာသည်။
ပြည်ပပို့ကုန်က ၀င်ငွေကောင်းကောင်း ရထားသူများ မြေ၀ယ်၍ ရင်းနှီးမြှုပ်နှံသည်။
မြေဈေးတက်လေ၏။ မြေပါမစ် ချပေးသူများ လည်း ကိုယ့်အတွက် ကိုယ်မြေယူ၍
ဈေးကစား ဈေးကိုင်သည်။ မြေဈေးတက်လာ၏။ အစိုးရ အရာရှိကြီးများ ဆရာဝန်ကြီးများ၊
အင်ဂျင် နီယာကြီးများ၊ ၀င်ငွေစုမိထားသော လူလတ် တန်းစားများလည်း ဒဂုံမြို့သစ်များ
သာမက ဒလဘက်က မြေများပါ လိုက်ဝယ်၍ အရင်း ပြုရာ မြေဈေးအားလုံး တက်လေ၏။
ဤသို့ဆိုလျှင် ရန်ကုန်ဝန်းကျင် မြေဈေး တက်ခဲ့သည့် ဤခေတ်၏ အစဖြစ်ထွေပြီး နောက်
နေပြည်တော်ကြီးနေရာ ပြောင်းလိုက် သော အခါ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စသော
မြို့နယ်များက မြေဈေးထိုးတက်သည်။ ကွက်လပ်များ ကျန်ခဲ့သော ရန်ကုန်မှ ဌာန ဆိုင်ရာမြေများ
မြေဈေးထိုးတက်သည်။ မကြာမီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ၂၀၁၀ အထွေထွေ
ရွေးကောက်ပွဲမှ သည် အရပ်သားအစိုးရသစ် ရွေးကောက် တင်မြှောက်ပြီး ဒီမိုကရေစီနိုင်ငံရေးကို
စတင် ကျင့်သုံးသည်။
ထိုအခါ နိုင်ငံတကာနှင့် ၀င်ဆံ့လာသည့်အတွက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ
တာစူလာသည့်အလျောက် နိုင်ငံခြားသားများ လာရောက်လုပ်ကိုင်လျှင် အိမ်ခြံမြေဈေးကောင်း
ရမည်ဆိုကာ ပါးစပ် ထဲရှိရာ ဈေးကြီးကြီးများ တင်၍ ဈေးခေါ်ခဲ့ကြ သည်။ တချို့လည်း
နိုင်ငံခြား ကော်ပိုရေးရှင်း ကြီးများ စတင်ဝင်ရောက်၍ အမှန်ပင် ဈေးကြီး ကြီး ရကြသည်။
သို့ရာတွင် နိုင်ငံခြားလုပ်ငန်းရှင်တို့သည် အိမ်မြေဈေးကြီးလွန်းခြင်းကြောင့် အရင်း အလွန်
များမည်ကို မကြိုက်၊ အရင်းကြေ ကာလ နှေးမည်ကို မလိုလား။ သို့ဖြင့် အိမ်ခြံမြေဈေး မြင့်နေပြီး
အမှန် အ၀ယ်သိပ်မလိုက်ဘဲ အီနေ ခဲ့သည်။ နေရာကောင်းက အိမ်ခြံမြေများကို ပိုင်ဆိုင်သူတို့သည်
ချမ်းသာလွန်းသူများနှင့် အာဏာရှိ ကြွယ်ဝသူများဖြစ်ရာ၊ ရောင်း မထွက်လည်း အရေးမဟုတ်
တင်းခံနေကြ သည်။ ဈေးလည်းမကျ အရောင်းအ၀ယ်လည်း ပါးလာ၏။ နိုင်ငံတော်အစိုးရ
ကလည်း အိမ်ခြံမြေ ဈေး နှုန်း မြင့်လွန်းသောကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လာရောက်ခြင်းကို
ထိခိုက်စေကြောင်း သိကာ အိမ်မြေဈေးနှုန်းကို အနိမ့်ဆုံးနှုန်းထား သတ်မှတ်ခြင်း၊ အိမ်ခြံမြေ
လုပ်ငန်းမှ အခွန် ကောက်ရန် စည်းကမ်းသစ်များ ထုတ်ခြင်း၊ တန်ဖိုးမျှအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာ၊
ဝန်ထမ်း နှင့် နွမ်းပါးသူများအတွက် အိမ်ရာများ ဆောက်ပေးမည်၊ ဆောက်ပြီးသည်များ ရောင်း
ချပေးသည် စသော အားထုတ်မှုများကြောင့် အိမ်ခြံမြေဈေးနှုန်း ကျဆင်းလာသည်။
သူဌေးကိုင်သော တန်ဖိုး ကျပ်သိန်းသောင်း နှင့် သိန်းသိန်းနှင့်ချီသည့် အမြင့်ဆုံးတန်းမှ
အိမ်ရာ မြေယာများ ဈေးကွက်တိုင်း ရပ်ဆိုင်း သလောက် ဖြစ်ခဲ့သည်။ အလတ်စား သိန်း
ထောင်ဂဏန်းတန် အိမ်ရာမြေများသာ အသင့်အတင့် ရောင်းဝယ်မှုရှိသည်။ အသေးစား
ကျပ်သိန်း ၅၀၀ ၀န်းကျင် အိမ်ရာ တိုက် ခန်းများ အရောင်းနှေးသော်လည်း အနည်းငယ်
အလုပ်ဖြစ်သည်။ တန်ဖိုးသိန်း ၁၅၀ မှ ၄၀၀ ကြား တိုက်ခန်းများ ဈေးကွက်ပိုရှိသည်။
အငှားတန်ဖိုး ၆၀,၀၀၀ မှ နှစ်သိန်းကြား ခြောက်လတစ်နှစ် ငှားများနှင့် စဘော်ငွေ တင်၍
အိမ်ခန်းခနည်းသော အငှားစနစ်များ အလုပ်ဖြစ်တန်သလောက် ဖြစ်နေသည်။ သို့သော်
ခြုံ၍ဆိုရလျှင် ၂၀၁၄ ခုနှစ်ကုန်မှ ယခု ၂၀၁၆ နှစ်စအထိ အိမ်ခြံမြေ အရောင်း အ၀ယ်ရော
အငှားပိုင်းပါ သိသိသာသာ အေးနေသည်။
တစ်ချက်တစ်ချီ ကျူးကျော်အိမ်ရာများ ဖယ်ရှားခံရမှ အိမ်ခန်းအငှား အနည်းငယ် တက်သည်။
သို့သော် အခြားတွင် သွားကျူး ကျော်မှုများလည်းရှိ၍ ထင်သလောက် သွက်လာခြင်း
တက်လာခြင်း မရှိချေ။ ၂၀၁၆ ခုနှစ်မှ စ၍ အစိုးရသစ် တက်လာသောအခါ အိမ်ခြံမြေဈေးကွက်
တက်လာမည် လား၊ ဆက်လက် ဆုတ်ဆိုင်းနေမည်လားဟု မျှော်မှန်း တွက်ဆသော်၊ ပြီးခဲ့သော
ဆယ်စုနှစ် နှစ်ခုကျော်က ဖြစ်ခဲ့သည့် အုပ်ချုပ်မှု ညံ့ဖျင်းမှု မျိုး ထပ်မဖြစ်လျှင် အလွန်ဈေးမြောက်နေ သည့် မြေဈေးများ ဈေးကျလာနိုင်သည်။ အမှန်တကယ် စက်ရုံဆောက်မည့် မြေ နေရာများ၊
ဟိုတယ်ဆောက်မည့် မြေနေရာ များ၊ အဆင့်မြင့်ရုံးခန်းဆောက်မည့် အဆောက် အအုံများ၊
အဆင့်မြင့် ကွန်ဒိုများသည် စီးပွား ရေး ပွင့်လင်းလာမည့် နောက်တစ်နှစ်မှ သုံးနှစ် အတွင်း
ထိုင်း၊ မလေးရှား၊ စင်ကာပူ စသော နိုင်ငံများ၏ မြင့်လှသောဈေးနှုန်းနီးပါး ဈေး တက်လာနိုင်ခြေ
ရှိလေသည်။
အောင်​ချိန်​ဘွား
မြန်​မာတိုင်းစ်

No comments:

Post a Comment