ဦးခေါင်းထိပ်လယ်မှာကွက်ချန်ထားတဲ့ဆံပင်စုကလေးကိုဦးစွန်းဖုတ်လို့ခေါ်တယ်။ဦးစွန်းတစ်ခုတည်းရဲ့သဘောကတော့'အထွတ်အမြတ်'လို့အဓိပ္ပာယ်ဖွင့်
ပါတယ်။ ဒါကြောင့် ဦးစွန်းဖုတ်ရဲ့ပြည့်စုံတဲ့အနက်ဖွင့်ဆိုမှုဟာ အထွတ်အမြတ်ထားတဲ့ ဦးခေါင်းထိပ်လယ်လောက်က ဆံပင်အစုလေးလို့ဆိုရင်ရပါတယ်။
လူ့ဘဝမှာကြုံတွေ့ရလေ့ရှိတဲ့အခွင့်အလမ်းတွေဟာလည်းတစ်ခါတစ်ခါဦးစွန်းဖုတ်ရှိတတ်တယ်။လိမ္မာပါးနပ်တဲ့သူတွေဟာအခွင့်အလမ်းဦးစွန်းဖုတ်ကိုရပါတယ်။ ဒါကြောင့် ဦးစွန်းဖုတ်ရဲ့ပြည့်စုံတဲ့အနက်ဖွင့်ဆိုမှုဟာ အထွတ်အမြတ်ထားတဲ့ ဦးခေါင်းထိပ်လယ်လောက်က ဆံပင်အစုလေးလို့ဆိုရင်ရပါတယ်။
အောင်ဆွဲပြီး ကိုယ့်အောင်မြင်မှုကိုရအောင်ယူတတ်ရတယ်။
‘Size the Opportunity by the Forelock’ လို့ဆိုတဲ့စကားလည်းရှိတယ်မဟုတ်လား။ ဒီအယူအဆကို ရှေးဟောင်းရောမပညာရှင်ကြီးဆဲနစ်ကားက
''အခွင့်အလမ်းတိုင်းမှာ ဦးစွန်းဖုတ်ရှိတယ်။ စွန်းဦးဖုတ်ရဲ့ရှေ့မှာရောနောက်မှာပါ ဆံပင်မရှိဘဲပြောင်နေတတ်တယ်။ ဒီတော့ ဦးစွန်းဖုတ်ကိုဆွဲမိပြီဆိုရင် မလွတ်အောင်ဆွဲ၊လက်လွတ်သွားလို့ကတော့ဂျူပီတာနတ်မင်းကြီးတောင်ကယ်နိုင်မှာမဟုတ်ဘူး။ဒါကြောင့်အခွင့်အလမ်းကိုသတိဝီရိယနဲ့စောင့်ဆိုင်းတတ်
ရတယ်။ ပေါ်လာတာနဲ့ သူ့ရဲ့ဦးစွန်းဖုတ်ကိုအမိအရဆွဲပေတော့'' လို့ပြောခဲ့ဖူးပါတယ်။ ဒီစကားဟာ ယနေ့အထိခေတ်မီနေဆဲ၊ ရှင်သန်နေဆဲပဲဖြစ်ပါတယ်။
အခွင့်အလမ်းဆိုတာကလည်းပေါပေါပဲပဲနဲ့ပေါ်လာတတ်တာမှမဟုတ်တာ။သစ်ပင်တွေလိုနွေရာသီမှာသစ်ရွက်ကြွေမယ်။မိုးဦးကျမှာရွက်နုတွေစိမ်းစိုနေ
အောင်ထွက်လာမယ်။အဲဒီလိုပုံသေနိယာမလည်းမရှိဘူး။အခွင့်အလမ်းဆိုတာထီထိုးထားတဲ့ထီလက်မှတ်မရှိဘဲထီပေါက်ဖို့မျှော်နေတတ်တဲ့ခပ်ညံ့ညံ့လူစား
မျိုးမဟုတ်ဘူး။အခွင့်အလမ်းဆိုတာအဆက်မပြတ်ကြိုးစားအားထုတ်နေမှုပေါ်မှာမူတည်ပြီးအခြေအနေအချက်အလက်များကခွင့်ပြုမှပေါ်ပေါက်လာတတ်တဲ့
ကိစ္စပါ။ဒါကလည်းတစ်ကြိမ်ဖြစ်ချင်ဖြစ်မယ်။တစ်ကြိမ်မကလည်းဖြစ်ချင်ဖြစ်မယ်။ကာယကံရှင်ရဲ့အားထုတ်လုံးပန်းမှုနဲ့ဖြတ်သန်းနေရတဲ့ခေတ်ကာလအချိန်
အခါပေါ်မှာလည်းမူတည်ပါလိမ့်မယ်။

အနိမ့်ဆုံးကိုယ်ထမင်းစားဖို့လုပ်နေတဲ့သာမန်အလုပ်ကလေးကစပြီးဘဝမှာမျှော်မှန်းချက်ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်နဲ့လုပ်နေကြတဲ့လုပ်ငန်းကြီးတွေ
အထိမဆုတ်မနစ်ကြိုးကြိုးစားစားလုပ်သင့်တယ်။ဒီလိုလုပ်နေခြင်းအားဖြင့်အလုပ်ကိုအလုပ်လိုလုပ်နေတဲ့ဝီရိယရဲ့အကျိုးကျေးဇူးကတော့ ခံစားရမှာသေချာတယ်။ငြိမ်နေတာထက်လှုပ်ရှားနေတာ
ကပိုကောင်းတဲ့သဘောပါ။မြန်မာတွေရဲ့အယူအဆကလည်းကံ၊ဥာဏ်၊ဝီရိယတွေကိုအခြေခံပြီးဘယ်ကိစ္စမဆိုလုပ်ကြရတယ်လို့ဆိုထားတာပဲ။
ဒီတော့အနိမ့် ဆုံးဝီရိယရဲ့အကျိုးကိုစပြီးရမယ်။ဥာဏ်ပညာအမြော်အမြင်ကြောင့်လည်းနောက်တစ်ဆင့်အနေနဲ့အောင်မြင်နိုင်တယ်။ဥာဏ်နဲ့ကံတို့ရဲ့ကျေးဇူးကြောင့်လည်းမမျှော်လင့်တဲ့အချိန်မှာ
မမျှော်လင့်တဲ့အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်။
ဒါဟာအင်မတန်သေချာတဲ့ကိစ္စပါ။ဒါဟာလူတစ်ယောက်ဟာသူ့ဘဝမှာဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းအခွင့်အလမ်းများစွာကြုံတွေ့နိုင်ပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ ဒါမှမဟုတ် အဲဒီထက်လည်း
များကောင်းများနိုင်ပါတယ်။

ဒါပေမဲ့ လူအတော်များများဟာပေါ်ပေါက်လာတဲ့အခွင့်အလမ်းကိုအသုံးမချတတ်ဘူး။ အခွင့်အလမ်းဦးစွန်းဖုတ်ကိုအမိအရဆွဲမထားနိုင်ခဲ့ဘူး။ ဒီတော့ အောင်မြင်သင့်သလောက်
မအောင်မြင်ရုံမက တစ်ခါတစ်ခါမှာဆုံးရှုံးနစ်နာရတာတွေတောင်ရှိတတ်ပါတယ်။ စကားတစ်ခုရှိတယ်။ ကံကောင်းခြင်းတစ်အောင်စဟာ အသိပညာတစ်ပေါင်ထက်ပိုကောင်းသတဲ့။
“An ounce of luck is better than a pound of wisdom.” တဲ့လေ။ ဆိုလိုတာကအောင်မြင်မှုရတယ်ဆိုတာဟာ ဝီရိယစိုက်ထုတ်လုပ်ကိုင်တာ၊ဥာဏ်ရည်ဥာဏ်သွေးနဲ့လုပ်ကိုင်ကြတာတွေထက်
ကံကောင်းလို့၊ဒါမှမဟုတ် အခွင့်အလမ်းတစ်ခုရလို့ဖြစ်တယ်လို့ဆိုချင်ဟန်တူပါတယ်။

တကယ်ပါပဲ။တစ်ခါတစ်ခါမှာမထင်မှတ်တဲ့ကံကောင်းခြင်းအခွင့်အလမ်းတွေဟာရောက်ရှိလာတတ်ပါတယ်။ လိမ်မာပါးနပ်သူတွေဟာ အခွင့်အလမ်းက အိမ်တံခါးရှေ့ကိုရောက်ရှိလာပြီး
တံခါးခေါက်တဲ့အချိန်မှာ နိုးကြားနေတတ်ပါတယ်။ တံခါးကိုအဆောတလျင်ဖွင့်ပြီးရောက်လာတဲ့အခွင့်အလမ်းကိုလွတ်ထွက်မသွားရအောင်အမိအရ
ဖမ်းယူတတ်ပါတယ်။အခွင့်အလမ်းဦးစွန်းဖုတ်ကိုခိုင်ခိုင်မြဲမြဲဆွဲထားတတ်ကြတယ်။ အလုပ်ကိုတက်တက် ကြွကြွလုံ့လဝီရိယရှိစွာလုပ်ကိုင်နေသူအားလုံးဟာ တံခါးခေါက်
သံကိုနားစွင့်နေကြသူတွေမို့ တံခါးမကြီးက အသံကိုရှင်းရှင်းလင်းလင်းကြားကြရပါလိမ့်မယ်။ဒီတော့တံခါးဝကိုရောက်လာတဲ့အခွင့်အလမ်းကိုလွတ်ထွက်မသွားအောင်ဆွဲ
ယူထားနိုင်တာဟာသဘာဝကျပါတယ်။ဒါပေမဲ့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်ချင်တဲ့သူ၊လုံ့လဝီရိယနဲ့ ဇွဲသတ္တိမရှိတဲ့သူ၊ အနာဂတ်မျှော်မှန်းချက်ကင်းမဲ့နေသူတွေကတော့ဘယ်လိုပဲအခွင့်အလမ်းက
တံခါးခေါက်နေနေအိပ်ရာထဲမှာ ပျင်းပျင်းရိရိအိပ်ပျော်နေတဲ့လူပျင်းတစ်ယောက်လိုပဲတံခါးဖွင့်ပေးဖို့တုံ့ဆိုင်းနေလိမ့်မယ်။

ဖွင့်မိပြန်တော့လည်းအခွင့်အလမ်းကိုအမိအရဆုပ်ကိုင်နိုင်ဖို့အားနည်းလာနေပါလိမ့်မယ်။ဒီတော့ပေါ်ပေါက်လာတဲ့အခွင့်အလမ်း
ကပေးအပ်လာမယ့်အောင် မြင်မှုပန်းတိုင်ဟာလည်း ဝေးနေရတော့တာပဲပေါ့။ တစ်ခါတလေကျတော့လည်း ကြုံလာရတဲ့အခွင့်အလမ်း ကိုဆုပ်ကိုင်ပြီး ဘဝရှေ့ရေးအတွက်
လုပ်ကိုင်ဆောင်ရွက်ကြသူတွေရှိပါတယ်။ဒါပေမဲ့လုပ်ငန်းတွေမအောင်မြင်ကြဘဲဖြစ်နေတာကိုတွေ့ရပြန်တယ်။ဘာကြောင့်များဒီလိုဖြစ်နေရပါလိမ့်လို့လည်း
သံသယမေးခွန်းတွေမေးချင်စရာပါ။
ဒီတော့ဖြစ်နိုင်စရာအရှိဆုံးကိစ္စတစ်ခုကိုအဖြေထုတ်ကြည့်တဲ့အခါဒီလိုတွေ့ရပါလိမ့်မယ်။ဘယ်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ၊ကိုယ့်လက်ထဲရောက်လာတဲ့
အခွင့်အရေးနဲ့အခွင့်အလမ်းတွေကိုသေသေချာချာဆုပ်ကိုင်ဆောင်ရွက်သင့်တယ်။တင်းတင်းကျပ်ကျပ်မဆုပ်ကိုင်တာဟာမဆုပ်ကိုင်မိတာနဲ့အတူတူပဲလို့လည်းပညာ
ရှိတွေကပြောကြပါတယ်။ဒါကြောင့်လည်းတစ်ခါတစ်ခါမှာတချို့လူတွေဟာအခွင့်အလမ်းတချို့ကို ရရှိကောင်းရရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ အခွင့်အလမ်းကိုကောင်းကောင်း
ဆုပ်ကိုင်မထားမိလေတော့ အောင်မြင်သင့်သလောက်မအောင်မြင်ဘဲဖြစ်သွားတတ်ပါတယ်။ပြန်လည်သုံးသပ်စရာပါ။ အကောင်းဆုံးကတော့ဆောင်းပါးအစမှာဖော်ပြခဲ့
သလိုကျွန်တော်တို့က အခွင့်အလမ်းဦးစွန်းဖုတ်ကို ရအောင်ဆွဲနိုင်ဖို့ပါပဲ။လက်ထဲရောက်လာရင်လည်း လွတ်ထွက်မသွားရအောင်တင်းတင်းကျပ်ကျပ်ပဲဆုပ်ကိုင်ထား
သင့်ပါတယ်။ ဒါဆိုရင် လက်လွှတ်ဆုံးရှုံးရမှုဆိုတာ နည်းသွားမှာသေချာပါတယ်။ အောင်မြင်မှုသေချာသွားပါပြီ။

ရေးသူ - ထက်ကျော်
Myanmar B2B
No comments:
Post a Comment