Wednesday, July 20, 2016

မာန်နတ်ရဲ့ သတို့သမီး (သို့မဟုတ်) Penny Dreadful Season 1 (မြန်မာစာတန်းထိုး) 18+ 720P HD

ခပ်ကြမ်းကြမ်း ၁၈+ အခန်းတွေ ၊ မာန်နတ်ရဲ့ လက်ပါးစေတွေနဲ့ လူသားတို့အားပြိုင်မှု့တွေ ၊ အင်္ဂလန်သမိုင်းထဲက မိစ္ဆာနှိမ်နင်းသူ Dr.Van Helsing , ဂန္တ၀င်သွေးစုတ်ကောင် Doran Grey .လူသားဖုတ်ကောင်ကြီး Frankenstein , ကိုယ်ပျောက်လူသတ်သမား Jack စတဲ့ အင်္ဂလန်သမိုင်းမှာ ထင်ရှားတဲ့ ဇာတ်ကောင်တွေနဲ့ အမိုက်စား Tv Series တစ်ခုကို တင်ဆက်လိုက်ရပါတယ်.။ တစ်ပိုင်းလောက်ကြည့်ဖူးယုံနဲ့ နောက်အပိုင်းတွေကို ဆွဲခေါ်သွားနိုင်တဲ့ Tv Series အမျိုးအစားမျိုးပါ.။ Imdb Rating 8.2/10 အထိမြင့်မားစွာရရှိထားတဲ့ ကားကောင်းတစ်ခုဖြစ်တာကြောင့် .လက်လွတ်မခံကြပါနဲ့ဦး... :) .။
ဇာတ်လမ်းအကျဉ်း..
Vanessa Ives (Green) ဟာ မာရ်နတ်ရဲ့သတို့သမီးအဖြစ်မွေးဖွားလာသူပါ။ အပျိုဘော်ဝင်စအချိန်ကစပြီး သူဘုရားရှိခိုးတဲ့အခါတိုင်း တစုံတယောက်ကသူ့နားနားကပ်ပြောနေသလို တိုးတိုးညှင်းညှင်းအသံတသံကိုကြားရလေ့ရှိပါတယ်။ ၄င်းအသံဟာ ဘုရားကိုစွန့်ပယ်ပြီး အဆုံးမရှိတဲ့တန်ခိုးအာဏာတွေကိုရှာဖွေဖို့သူ့ကိုအဆက်မပြတ်တိုက်တွန်းနေပေမယ့် Vanessa ဟာသူ့ရဲ့ကတ်သလစ်ဘာသာအပေါ်သက်ဝင်ယုံကြည်မှုကိုမစွန့်လွှတ်ခဲ့ပါဘူး။
တနေ့မှာသူ့ငယ်သူငယ်ချင်းကောင်မလေး Mina Harker ကိုသွေးစုတ်ဖုတ်ကောင်တွေက ဖမ်းဆီးသွားတဲ့အခါ Mina ရဲ့အဖေ Malcolm Murray (Dalton) နဲ့ပူးပေါင်းပြီး Mina ကိုပြန်ကယ်ဖို့ကြိုးစားရပါတော့တယ်။ သူ့သူငယ်ချင်းကိုကယ်တင်ဖို့၊ သဘာဝလွန်အန္တရာယ်တွေကိုရင်ဆိုင်ဖို့အတွက် Vanessa ဟာ မာရ်နတ်ရဲ့လက်ဆောင်တခုကို မတတ်သာတဲ့အဆုံးလက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရှေ့ဖြစ်မြင်နိုင်ပြီး တမလွန်ဘုံနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းကို ရရှိခဲ့တယ်။
အမေရိကန်နိုင်ငံကဆပ်ကပ်အဖွဲ့တခုနဲ့အတူ Ethan Chandler (Hartnett) ဟာလန်ဒန်မြို့ကိုရောက်ရှိလာခဲ့တယ်။ သူဟာလက်ဖြောင့်သေနတ်သမားဖြစ်ပြီး ဆပ်ကပ်ပွဲမှာပုလင်းခွံတွေကို မလွတ်တမ်းမှန်အောင်သေနတ်နဲ့ပစ်ခတ်တဲ့ပြကွက်ကိုပြသနေတုန်း Vanessa နဲ့တွေ့ဆုံခဲ့တာပါ။ Ethan ရဲ့အစွမ်းကိုသတိထားမိတဲ့အတွက် Malcolm ရဲ့ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးဖို့ Vanessa ကကမ်းလှမ်းခဲ့ပါတယ်။
အဲ့ဒီညမှာသူတို့ ၃ ယောက်သားလန်ဒန်မြို့ဆင်ခြေဖုံးတနေရာက Vanessa အာရုံထဲပေါ်လာတဲ့ သွေးစုတ်ဖုတ်ကောင်အသိုက်တခုကိုသွားပြီး Mina ရဲ့သတင်းကိုစုံစမ်းကြပါတယ်။ သွေးစုတ်ဖုတ်ကောင်အချို့ကိုသတ်ဖြတ်ခဲ့ပြီး အလောင်းကိုစစ်ဆေးကြည့်ဖို့ ခန္ဒာဗေဒနားလည်တဲ့သူကိုစုံစမ်းရင်း Malcolm ရဲ့မိတ်ဆွေ Dr Van Helsing ကနေတဆင့် ငယ်ရွယ်တဲ့ဆရာဝန်လေး Victor Frankenstein နဲ့ရင်းနှီးခဲ့ပါတယ်။
လန်ဒန်မြို့ပေါ်ကမင်းစိုးရာဇာတွေကျင်းပတဲ့ကပွဲတွေကိုတက်ရောက်ရင်း Vanessa ဟာချောမောခန့်ငြားပြီး လျှို့ဝှက်တဲ့ Dorian Grey နဲ့တွေ့ဆုံခဲ့သလို၊ Malcolm ကလည်း အထက်တန်းလွှာကဗေဒင်ဆရာမ Evelyn Poole နဲ့ရင်းနှီးခဲ့ပါတယ်။ Ethan ကလည်း ပြည့်တန်ဆာမလေး Brona Croft (Piper) နဲ့ပျော်ပါးရာကနေ တကယ်သံယောဇဉ်တွယ်လာခဲ့ကြတယ်။
Frankenstein ကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ဖုတ်ကောင်ကြီးရဲ့လက်ကထွက်ပြေးနေရသူပါ။ Malcolm တို့အကူအညီတောင်းလို့ သွေးစုတ်ဖုတ်ကောင်ရဲ့ရုပ်ကြွင်းကိုခွဲစိတ်ကြည့်တဲ့အခါ အရေပြားအောက်ကအသားပေါ်မှာထွင်းထားတဲ့ အီဂျစ်အက္ခရာစာလုံးတွေကို ထူးဆန်းစွာတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Vanessa တို့ဟာစာလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရဖို့အတွက် အီဂျစ်ယဉ်ကျေးမှုနဲ့စာပေအကြောင်းကျွမ်းကျင်သူ Dr Ferdinand Lyle ကိုချဉ်းကပ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လန်ဒန်မြို့ပေါ်မှာ လူတွေကိုအမဲဖြတ်သလိုသတ်ဖြတ်ထားတဲ့ လူသတ်မှုတွေတခုပြီးတခုပေါ်ပေါက်လာတဲ့အခါ…......
တစ်ပိုင်းကို တစ်နာရီဝန်းကျင်ကြာတဲ့ ဇာတ်လမ်းရှည် စီးရီးမျိုးဖြစ်ပါတယ်.။
Review Credit to-Admin N
Translated by: Scarlet Phoenix
Encode by: Mg Moe Tain           
                                           
     Episode 8 400MB Final

                                                   Episode 7 400MB                                                                                           
  Episode 6 400MB

  Episode 5 400MB
  

                                   
www.goldchannelmovies.com         

No comments:

Post a Comment