Monday, February 12, 2018

ကိုယ့္ရဲ႕ Smart Phone ကို သႀကၤန္မွာ ေဘးကင္းေအာင္ ဘယ္လို အသံုးျပဳမလဲ


မၾကာခင္ကာလမွာ သႀကၤန္အခ်ိန္ကာလကို ေရာက္လာေတာ့မွာ ျဖစ္တာေၾကာင့္ ေပ်ာ္ရႊင္လိုသူ လူတိုင္းဟာ သႀကၤန္ပြဲေတာ္မွာ ပါဝင္ဆင္ႏြဲၾကမွာ မလြဲပါဘူး။ အရင္ေခတ္ေတြတုန္းက လူတိုင္းရဲ႕ လက္ထဲမွာ မိုဘိုင္းဖုန္းမသံုး ဆြဲၾကေပမယ့္ အခုခ်ိန္ကာလမွာ လူတိုင္းရဲ႕ လက္ထဲမွာ စမတ္ဖုန္း ကိုယ္စီရွိေနၾကၿပီ ျဖစ္ပါတယ္။ ေနာက္ၿပီး  စမတ္ဖုန္း ေတြရဲ႕ ေစ်းႏႈန္းကလည္း မနည္းတာေၾကာင့္ အကယ္လို႔မ်ား ေရစိုပ်က္စီးတာပဲျဖစ္ျဖစ္။ ေပ်ာက္သြားတာပဲျဖစ္ျဖစ္။ ျပဳတ္က်ပ်က္စီး သြားတာပဲျဖစ္ျဖစ္ ျဖစ္သြားခဲ့ရင္ ေငြကုန္ေၾကးက် ထပ္မ်ားႏိုင္ပါတယ္။
ဒါေၾကာင့္ ကိုယ့္ရဲ႕ စမတ္ဖုန္း တစ္လံုး မပ်က္စီးရေလေအာင္ ဘယ္လို အခ်က္ေလးေတြ သိထားသင့္ၿပီး သႀကၤန္ကာလ ဆင္ႏြႊဲတဲ့အခါမွာ ဘယ္လိုမ်ိဳးအကာအကြယ္ေလးေတြ ျပဳလုပ္သြားသင့္တယ္ဆိုတာကို သိရွိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။
မကြာခင်ကာလမှာ သင်္ကြန်အချိန်ကာလကို ရောက်လာတော့မှာ ဖြစ်တာကြောင့် ပျော်ရွှင်လိုသူ လူတိုင်းဟာ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွဲကြမှာ မလွဲပါဘူး။ အရင်ခေတ်တွေတုန်းက လူတိုင်းရဲ့ လက်ထဲမှာ မိုဘိုင်းဖုန်းမသုံး ဆွဲကြပေမယ့် အခုချိန်ကာလမှာ လူတိုင်းရဲ့ လက်ထဲမှာ စမတ်ဖုန်း ကိုယ်စီရှိနေကြပြီ ဖြစ်ပါတယ်။ နောက်ပြီး  စမတ်ဖုန်း တွေရဲ့ စျေးနှုန်းကလည်း မနည်းတာကြောင့် အကယ်လို့များ ရေစိုပျက်စီးတာပဲဖြစ်ဖြစ်။ ပျောက်သွားတာပဲဖြစ်ဖြစ်။ ပြုတ်ကျပျက်စီး သွားတာပဲဖြစ်ဖြစ် ဖြစ်သွားခဲ့ရင် ငွေကုန်ကြေးကျ ထပ်များနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ စမတ်ဖုန်း တစ်လုံး မပျက်စီးရလေအောင် ဘယ်လို အချက်လေးတွေ သိထားသင့်ပြီး သင်္ကြန်ကာလ ဆင်နွွှဲတဲ့အခါမှာ ဘယ်လိုမျိုးအကာအကွယ်လေးတွေ ပြုလုပ်သွားသင့်တယ်ဆိုတာကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Ziplock ပါတဲ့ ပလတ္စတစ္အိတ္နဲ႔ ထည့္သြားျခင္း
 Ziplock ပါတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်သွားခြင်း

ဒီနည္းလမ္းကေတာ့ အလြယ္ကူဆံုး နည္းလမ္းပဲျဖစ္ပါတယ္။ အိမ္မွာရွိတဲ့ အစားအေသာက္ေတြ ထည့္တာပဲျဖစ္ျဖစ္၊ စာရြက္စာတမ္းေတြ ထည့္တာျဖစ္ျဖစ္ အသံုးျပဳတဲ့ Ziplock အိတ္ေတြကို ကိုယ့္ရဲ႕ စမတ္ဖုန္း  ထည့္သြင္းၿပီး အျပင္ယူ သြားႏိုင္ပါတယ္။ အနည္းဆံုးေတာ့ ဒီအိတ္ေတြက ေရစိုမယ့္ဒဏ္ကို ေကာင္းေကာင္း ကာကြယ္ေပးႏိုင္တာေၾကာင့္ ဟိုနားဒီနား အျပင္ထြက္တဲ့ အခ်ိန္ေတြမွာ သံုးစြဲလို႔ရပါတယ္။ ဒါေပမဲ့ တကယ့္ေရကစား ထြက္ဖို႔အတြက္ ဆိုရင္ေတာ့ ဒီ Ziplock အိတ္ေလာက္နဲ႔ သံုးစြဲလို႔ အဆင္မေျပေတာ့ပါဘူး။ ေရပမာဏမ်ားလာရင္ ေရေငြ႕႐ိုက္တာေတြျဖစ္ႏိုင္လို႔  ေရကစားထြက္မယ္ ဆိုရင္ေတာ့ ပိုလံုၿပီး ပိုေကာင္းတဲ့ အိတ္ကိုသံုးစြဲတာ သင့္ေတာ္ပါလိမ့္မယ္။
ဒီနည်းလမ်းကတော့ အလွယ်ကူဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ အစားအသောက်တွေ ထည့်တာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းတွေ ထည့်တာဖြစ်ဖြစ် အသုံးပြုတဲ့ Ziplock အိတ်တွေကို ကိုယ့်ရဲ့ စမတ်ဖုန်း  ထည့်သွင်းပြီး အပြင်ယူ သွားနိုင်ပါတယ်။ အနည်းဆုံးတော့ ဒီအိတ်တွေက ရေစိုမယ့်ဒဏ်ကို ကောင်းကောင်း ကာကွယ်ပေးနိုင်တာကြောင့် ဟိုနားဒီနား အပြင်ထွက်တဲ့ အချိန်တွေမှာ သုံးစွဲလို့ရပါတယ်။ ဒါပေမဲ့ တကယ့်ရေကစား ထွက်ဖို့အတွက် ဆိုရင်တော့ ဒီ Ziplock အိတ်လောက်နဲ့ သုံးစွဲလို့ အဆင်မပြေတော့ပါဘူး။ ရေပမာဏများလာရင် ရေငွေ့ရိုက်တာတွေဖြစ်နိုင်လို့  ရေကစားထွက်မယ် ဆိုရင်တော့ ပိုလုံပြီး ပိုကောင်းတဲ့ အိတ်ကိုသုံးစွဲတာ သင့်တော်ပါလိမ့်မယ်။


Waterproof အိတ္ေတြသံုးစြဲျခင္း
 Waterproof အိတ်တွေသုံးစွဲခြင်း

ဒါကေတာ့ သႀကၤန္ေရာက္တဲ့အခါတိုင္း လူတိုင္းသံုးစြဲေနတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ ဖုန္းကိုအိတ္ထဲထည့္ၿပီး လြယ္သြားတာပဲျဖစ္ျဖစ္၊
လည္ပင္းမွာ ဆြဲသြားတာပဲျဖစ္ျဖစ္လုပ္ႏိုင္တာေၾကာင့္ သယ္ေဆာင္ရ လြယ္ကူၿပီး ဖုန္းေပ်ာက္တာေတြမျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ waterproof အိတ္သံုးစြဲတဲ့ အခါမွာလည္း အရည္အေသြးေကာင္းတဲ့ အိတ္ကို သံုးစြဲမယ္ ဆိုရင္ေတာ့ ပိုေကာင္းပါလိမ့္မယ္။ အခ်ိဳ႕ Waterproof အိတ္ေတြဟာ အျဖစ္သေဘာမ်ိဳးသာျပဳလုပ္ထား တာေၾကာင့္ တကယ့္တကယ္ သံုုးရင္ ေရေငြ႕မလံုတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အိတ္အတြင္းေငြ႕ရည္ဖြဲ႔ၿပီး ဖုန္းထဲ ေရဝင္သြားတတ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးအစားေကာင္းတဲ့ ေရလံုအိတ္ေတြကို ရွာဝယ္ဖို႔အႀကံျပဳခ်င္ ပါတယ္။
ဒါကတော့ သင်္ကြန်ရောက်တဲ့အခါတိုင်း လူတိုင်းသုံးစွဲနေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဖုန်းကိုအိတ်ထဲထည့်ပြီး လွယ်သွားတာပဲဖြစ်ဖြစ်၊
လည်ပင်းမှာ ဆွဲသွားတာပဲဖြစ်ဖြစ်လုပ်နိုင်တာကြောင့် သယ်ဆောင်ရ လွယ်ကူပြီး ဖုန်းပျောက်တာတွေမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ waterproof အိတ်သုံးစွဲတဲ့ အခါမှာလည်း အရည်အသွေးကောင်းတဲ့ အိတ်ကို သုံးစွဲမယ် ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ အချို့ Waterproof အိတ်တွေဟာ အဖြစ်သဘောမျိုးသာပြုလုပ်ထား တာကြောင့် တကယ့်တကယ် သုုံးရင် ရေငွေ့မလုံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အိတ်အတွင်းငွေ့ရည်ဖွဲ့ပြီး ဖုန်းထဲ ရေဝင်သွားတတ်ပါတယ်။ ဒါကြောင့် အမျိုးအစားကောင်းတဲ့ ရေလုံအိတ်တွေကို ရှာဝယ်ဖို့အကြံပြုချင် ပါတယ်။

ေလမႈတ္ရာဘာ ေဘာလံုးျဖင့္ ေရစိုဒဏ္ကာကြယ္ျခင္း
လေမှုတ်ရာဘာ ဘောလုံးဖြင့် ရေစိုဒဏ်ကာကွယ်ခြင်း

ကေလးေတြကစားေနတဲ့ ေလမႈတ္ရာ ဘာေဘာလံုးေတြဟာ စမတ္ဖုန္း ေတြကို ေရစိုဒဏ္မွ ကာကြယ္ေပးႏိုင္ တယ္ဆိုတာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဘယ္လိုအသံုးျပဳ ရလဲဆိုတာကေတာ့ နည္းနည္းစိတ္ဝင္ စားဖို႔ေတာ့ ေကာင္းပါတယ္။ ေလမႈတ္ရာဘာ ေဘာလံုးထဲကို အတင္းထိုးထည့္တာမဟုတ္ပဲနဲ႔ ရာဘာေဘာလံုးကို ေလအရင္မႈတ္ထည့္
ၿပီး ေလကိုအရမ္းတင္းေအာင္ မႈတ္စရာေတာ့ မလိုပါဘူး။ စမတ္ဖုန္းကို ေဘာလံုးေပၚကေနဖိခ် ရပါတယ္။ အဲလိုဖိခ်တဲ့အခ်ိန္မွာ လက္တစ္ဖက္ကေနေလကို ေလွ်ာ့့ေလွ်ာ့ေပးလိုက္တဲ့ အခ်ိန္မွာ ေနာက္ဆံုး ရာဘာေဘာလံုးအခြံထဲကို စမတ္ဖုန္းက ကြက္တိ ဝင္သြားပါလိမ့္မယ္။ အဲ့လိုအခ်ိန္ကေနစၿပီး ရာဘာေဘာလံုး အခြံကဖုန္းရဲ႕ ေရဝင္ႏိုင္တဲ့ အေပါက္ေတြ အကုန္လံုးကို ကာကြယ္ေပးထားၿပီး ျဖစ္တာေၾကာင့္ ေရစိုဒဏ္ကို ေကာင္းေကာင္းခံႏိုင္သြားမွာ ျဖစ္ပါတယ္။
ကလေးတွေကစားနေတဲ့ လေမှုတ်ရာ ဘာဘောလုံးတွေဟာ စမတ်ဖုန်း တွေကို ရေစိုဒဏ်မှ ကာကွယ်ပေးနိုင် တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအသုံးပြု ရလဲဆိုတာကတော့ နည်းနည်းစိတ်ဝင် စားဖို့တော့ ကောင်းပါတယ်။ လေမှုတ်ရာဘာ ဘောလုံးထဲကို အတင်းထိုးထည့်တာမဟုတ်ပဲနဲ့ ရာဘာဘောလုံးကို လေအရင်မှုတ်ထည့်
ပြီး လေကိုအရမ်းတင်းအောင် မှုတ်စရာတော့ မလိုပါဘူး။ စမတ်ဖုန်းကို ဘောလုံးပေါ်ကနေဖိချ ရပါတယ်။ အဲလိုဖိချတဲ့အချိန်မှာ လက်တစ်ဖက်ကနေလေကို လျှော့့လျှော့ပေးလိုက်တဲ့ အချိန်မှာ နောက်ဆုံး ရာဘာဘောလုံးအခွံထဲကို စမတ်ဖုန်းက ကွက်တိ ဝင်သွားပါလိမ့်မယ်။ အဲ့လိုအချိန်ကနေစပြီး ရာဘာဘောလုံး အခွံကဖုန်းရဲ့ ရေဝင်နိုင်တဲ့ အပေါက်တွေ အကုန်လုံးကို ကာကွယ်ပေးထားပြီး ဖြစ်တာကြောင့် ရေစိုဒဏ်ကို ကောင်းကောင်းခံနိုင်သွားမှာ ဖြစ်ပါတယ်။

ဖုန္းအေဟာင္းတစ္လံုးနဲ႔ေျပာင္းသံုးျခင္း
 ဖုန်းအဟောင်းတစ်လုံးနဲ့ပြောင်းသုံးခြင်း

ကိုယ့္မွာအရင္က ရွိၿပီးသားျဖစ္တဲ့ Keypad ဖုန္းအေဟာင္း တစ္လံုးပဲျဖစ္ျဖစ္ ၊ သံုးစြဲလို႔ရေသးတဲ့ ဖုန္းအေဟာင္းတစ္ လံုးပဲျဖစ္ျဖစ္၊
ကိုယ္သႀကၤန္ေရကစားမယ့္ ေန႔မွာသံုးစြဲလို႔လည္း ရပါေသးတယ္။ တကယ္လို႔ ဖုန္းပ်က္စီးသြားတာေတြနဲ႔ ဖုန္းေပ်ာက္သြားတာေတြ
ကို ေၾကာက္ေနစရာ မလိုေတာ့ပါဘူး။ ကိုယ့္ရဲ႕ ဆံုး႐ံႈးမႈပမာဏကိုလည္း ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ထပ္တစ္ခုက ကိုယ့္ဝယ္ထားတဲ့ ခပ္ေပါေပါ ေရလံုအိတ္နဲ႔လည္း ဖုန္းအေဟာင္းေလးကို အဆင္ေျပသလို ထည့္ၿပီးသံုးစြဲႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သႀကၤန္လည္မယ္လို႔ စိတ္ကူးထားရင္ ဖုန္းအေဟာင္း တစ္လံုးကိုလည္း ရွာေဖြထားဖို႔ မေမ့ပါနဲ႔။
ကိုယ့္ရဲ႕ Smart Phone ကို Multiple Device အျဖစ္မသံုးပါနဲ႔
Smart Phone တစ္လံုးမွာ ပါဝင္တဲ့ Feature ေတြဟာ အမ်ားအျပား ရွိပါတယ္။ ကင္မရာ သံုးႏိုင္မယ္။ သီခ်င္းနားေထာင္ႏိုင္မယ္။ အင္တာနက္သံုးႏိုင္မယ္ စတာအျပင္ အျခား အမ်ားအျပား သံုးႏိုင္ပါေသးတယ္။ ဒါေပမဲ့ အဲဒါေတြကို သၾကၤန္မွာ သံုးစြဲေနမယ္ဆိုရင္ ဖုန္းပ်က္ဖို႔ နီးစပ္တာကို ေတြ႕ရပါတယ္။ စနစ္ေတြေၾကာင့္ ပ်က္တာမဟုတ္ဘဲ အဲဒီစနစ္ေတြကို သံုးစြဲဖို႔ အားထုတ္ေနတဲ့ အခ်ိန္မွာ ကိုယ့္ရဲ႕ ဖုန္းကို ေရဝင္သြားတာမ်ိဳးပဲျဖစ္ျဖစ္၊ တစ္စံုတစ္ေယာက္နဲ႔ တိုက္မိၿပီး လြတ္က်တာပဲျဖစ္ျဖစ္ ၊ လက္က ေခ်ာၿပီး ျပဳတ္က်တာပဲျဖစ္ျဖစ္ ျဖစ္သြားရင္ ဖုန္းပ်က္စီးႏိုင္တာေၾကာင့္ ကိုယ့္ရဲ႕ စမတ္ဖုန္း ကို သံုးမယ္ဆိုရင္ လံုျခံဳစိတ္ခ် ရတဲ့ေနရာမ်ိဳးမွာ ထားခဲ့ၿပီး အသံေခၚဆိုမႈ တစ္ခုတည္းအတြက္ပဲ သံုးစြဲသင့္ပါတယ္။ ဒါကလည္း ဒီဘက္ေခတ္ၾကီးမွာ ေတာ္ေတာ္ကို လုပ္ေဆာင္ဖို႔ခဲယဥ္းတဲ့ သတိေပးခ်က္ပဲ ျဖစ္ပါတယ္။
ကိုယ့်မှာအရင်က ရှိပြီးသားဖြစ်တဲ့ Keypad ဖုန်းအဟောင်း တစ်လုံးပဲဖြစ်ဖြစ် ၊ သုံးစွဲလို့ရသေးတဲ့ ဖုန်းအဟောင်းတစ် လုံးပဲဖြစ်ဖြစ်၊
ကိုယ်သင်္ကြန်ရေကစားမယ့် နေ့မှာသုံးစွဲလို့လည်း ရပါသေးတယ်။ တကယ်လို့ ဖုန်းပျက်စီးသွားတာတွေနဲ့ ဖုန်းပျောက်သွားတာတွေ
ကို ကြောက်နေစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ ဆုံးရှုံးမှုပမာဏကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ကိုယ့်ဝယ်ထားတဲ့ ခပ်ပေါပေါ ရေလုံအိတ်နဲ့လည်း ဖုန်းအဟောင်းလေးကို အဆင်ပြေသလို ထည့်ပြီးသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်္ကြန်လည်မယ်လို့ စိတ်ကူးထားရင် ဖုန်းအဟောင်း တစ်လုံးကိုလည်း ရှာဖွေထားဖို့ မမေ့ပါနဲ့။

ကိုယ့်ရဲ့ Smart Phone ကို Multiple Device အဖြစ်မသုံးပါနဲ့

Smart Phone တစ်လုံးမှာ ပါဝင်တဲ့ Feature တွေဟာ အများအပြား ရှိပါတယ်။ ကင်မရာ သုံးနိုင်မယ်။ သီချင်းနားထောင်နိုင်မယ်။ အင်တာနက်သုံးနိုင်မယ် စတာအပြင် အခြား အများအပြား သုံးနိုင်ပါသေးတယ်။ ဒါပေမဲ့ အဲဒါတွေကို သင်္ကြန်မှာ သုံးစွဲနေမယ်ဆိုရင် ဖုန်းပျက်ဖို့ နီးစပ်တာကို တွေ့ရပါတယ်။ စနစ်တွေကြောင့် ပျက်တာမဟုတ်ဘဲ အဲဒီစနစ်တွေကို သုံးစွဲဖို့ အားထုတ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ဖုန်းကို ရေဝင်သွားတာမျိုးပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်နဲ့ တိုက်မိပြီး လွတ်ကျတာပဲဖြစ်ဖြစ် ၊ လက်က ချောပြီး ပြုတ်ကျတာပဲဖြစ်ဖြစ် ဖြစ်သွားရင် ဖုန်းပျက်စီးနိုင်တာကြောင့် ကိုယ့်ရဲ့ စမတ်ဖုန်း ကို သုံးမယ်ဆိုရင် လုံခြုံစိတ်ချ ရတဲ့နေရာမျိုးမှာ ထားခဲ့ပြီး အသံခေါ်ဆိုမှု တစ်ခုတည်းအတွက်ပဲ သုံးစွဲသင့်ပါတယ်။ ဒါကလည်း ဒီဘက်ခေတ်ကြီးမှာ တော်တော်ကို လုပ်ဆောင်ဖို့ခဲယဉ်းတဲ့ သတိပေးချက်ပဲ ဖြစ်ပါတယ်။

နားၾကပ္ျဖင့္ ဖုန္းေျပာဆိုျခင္း
နားကြပ်ဖြင့် ဖုန်းပြောဆိုခြင်း

ေစ်းမႀကီးတဲ့ earphone တစ္ခုကို ဆိုင္ကဝယ္ၿပီး ဒါမွမဟုတ္ အိမ္မွာရွိတယ္ဆိုရင္ သႀကၤန္မွာ ယူသြားၿပီး ဖုန္းေျပာတဲ့အခါမွာ တပ္ဆင္သံုးစြဲႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖုန္းကိုထုတ္ၿပီး စကားေျပာေနခ်ိန္မွာ အမွတ္မထင္ ေရပက္ခံလိုက္ရရင္ ဖုန္းထဲေရဝင္ႏိုင္ပါတယ္။ ေနာက္ၿပီး ေရလံုအိတ္နဲ႔ ဖုန္းေျပာတဲ့ အခါမွာလည္း အသံကို သိပ္မၾကားရတဲ့ အခါမ်ိဳးလည္း ရွိပါတယ္။ ဒါေၾကာင့္ ေစ်းေပါတဲ့ ear phone ကိုတပ္ဆင္ၿပီး သံုးစြဲတာကပိုၿပီး သင့္ေတာ္ေကာင္းမြန္ ေစပါတယ္။
စျေးမကြီးတဲ့ earphone တစ်ခုကို ဆိုင်ကဝယ်ပြီး ဒါမှမဟုတ် အိမ်မှာရှိတယ်ဆိုရင် သင်္ကြန်မှာ ယူသွားပြီး ဖုန်းပြောတဲ့အခါမှာ တပ်ဆင်သုံးစွဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကိုထုတ်ပြီး စကားပြောနေချိန်မှာ အမှတ်မထင် ရေပက်ခံလိုက်ရရင် ဖုန်းထဲရေဝင်နိုင်ပါတယ်။ နောက်ပြီး ရေလုံအိတ်နဲ့ ဖုန်းပြောတဲ့ အခါမှာလည်း အသံကို သိပ်မကြားရတဲ့ အခါမျိုးလည်း ရှိပါတယ်။ ဒါကြောင့် စျေးပေါတဲ့ ear phone ကိုတပ်ဆင်ပြီး သုံးစွဲတာကပိုပြီး သင့်တော်ကောင်းမွန် စေပါတယ်။

Condom သံုးၿပီးလည္းေရစိုဒဏ္ကာကြယ္မယ္
Condom သုံးပြီးလည်းရေစိုဒဏ်ကာကွယ်မယ်

နည္းနည္းေတာ့ ရယ္စရာေကာင္းၿပီး ရွက္တတ္တဲ့ သူေတြအတြက္ေတာ့ အဆင္ေျပမယ့္ နည္းလမ္းတစ္ခုေတာ့မ ဟုတ္ပါဘူး။ ဒါေပမဲ့ ဒီနည္းလမ္းကလည္း ေရမဝင္ေအာင္ ကာကြယ္ဖို႔ အေကာင္းဆံုးေသာ နည္းလမ္းေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ မိုဘိုင္းဖုန္းကို Condom နဲ႔ ဖုံးအုပ္လိုက္မယ္ဆိုရင္ ေရဝင္ႏိုင္ေလာက္မယ့္ ေနရာေတြကို ကာကြယ္ၿပီးသား ျဖစ္တာေၾကာင့္ ေရစို ဒဏ္ကိုေကာင္းေကာင္း ကာကြယ္ၿပီးသား ျဖစ္သြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကြန္ဒံုးမွာ ပါဝင္တဲ့ ဆီေၾကာင့္ နည္းနည္းေတာ့ စိတ္အေႏွာင့္ယွက္ ျဖစ္စရာေတာ့ ျဖစ္ပါလိမ့္မယ္။
နည်းနည်းတော့ ရယ်စရာကောင်းပြီး ရှက်တတ်တဲ့ သူတွေအတွက်တော့ အဆင်ပြေမယ့် နည်းလမ်းတစ်ခုတော့မ ဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနည်းလမ်းကလည်း ရေမဝင်အောင် ကာကွယ်ဖို့ အကောင်းဆုံးသော နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကို Condom နဲ့ ဖုံးအုပ်လိုက်မယ်ဆိုရင် ရေဝင်နိုင်လောက်မယ့် နေရာတွေကို ကာကွယ်ပြီးသား ဖြစ်တာကြောင့် ရေစို ဒဏ်ကိုကောင်းကောင်း ကာကွယ်ပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံးမှာ ပါဝင်တဲ့ ဆီကြောင့် နည်းနည်းတော့ စိတ်အနှောင့်ယှက် ဖြစ်စရာတော့ ဖြစ်ပါလိမ့်မယ်။

ဆံအိုးထဲထည့္ၿပီး ေရစိုဖုန္းကို ျပဳျပင္မယ္
ဆံအိုးထဲထည့်ပြီး ရေစိုဖုန်းကို ပြုပြင်မယ်

တကယ္လို႔ ကိုယ့္ရဲ႕ ဖုန္းဟာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ေရစိုသြားမယ္ဆိုပါက လုပ္ေဆာင္ရမယ့္ နည္းလမ္းကေတာ့ ခ်က္ခ်င္းပဲ ပါဝါပိတ္ဖို႔ လိုအပ္ပါတယ္။ ၿပီးရင္ အဝတ္စတစ္ခုနဲ႔ ေရစိုတာေတြကို သုတ္လိုက္ၿပီး အိမ္မွာရွိတဲ့ ဆန္အိုးထဲမွာပဲျဖစ္ျဖစ္ ဆန္ေတြကို ခြက္တခု ထဲထည္ၿပီး ဖုန္းကို ဆန္ေတြထဲကိုထည့္ကာ ၅ နာရီခန္႔ ထားလိုက္မယ္ဆိုရင္ ဖုန္းထဲက ေရေငြ႕ေတြကို ဖယ္ရွားလုိက္ႏိုင္မွာပဲ ျဖစ္ပါတယ္။ ေရေငြ႕ေတြ ကုန္သြားေလာက္ၿပီလို႔ ထင္ရ တဲ့အခ်ိန္မွာ ဖုနး္ကို ပံုမွန္အတိုင္း ျပန္ဖြင့္လိုက္လို႔
ရပါၿပီ။
 တကယ်လို့ ကိုယ့်ရဲ့ ဖုန်းဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရေစိုသွားမယ်ဆိုပါက လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ ချက်ချင်းပဲ ပါဝါပိတ်ဖို့ လိုအပ်ပါတယ်။ ပြီးရင် အဝတ်စတစ်ခုနဲ့ ရေစိုတာတွေကို သုတ်လိုက်ပြီး အိမ်မှာရှိတဲ့ ဆန်အိုးထဲမှာပဲဖြစ်ဖြစ် ဆန်တွေကို ခွက်တခု ထဲထည်ပြီး ဖုန်းကို ဆန်တွေထဲကိုထည့်ကာ ၅ နာရီခန့် ထားလိုက်မယ်ဆိုရင် ဖုန်းထဲက ရေငွေ့တွေကို ဖယ်ရှားလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ ရေငွေ့တွေ ကုန်သွားလောက်ပြီလို့ ထင်ရ တဲ့အချိန်မှာ ဖုနး်ကို ပုံမှန်အတိုင်း ပြန်ဖွင့်လိုက်လို့
ရပါပြီ။

စိုေနတဲ့ ဖုန္းကို Dryer နဲ႔ အေျခာက္မခံပါနဲ႔
စိုနေတဲ့ ဖုန်းကို Dryer နဲ့ အခြောက်မခံပါနဲ့

ကိုယ့္ရဲ႕ ဖုန္းဟာ မေတာ္တဆ ေရစုိသြားမယ္ဆိုရင္ မလုပ္ရမယ့္ အေရးႀကီးတဲ့ အခ်က္က Dryer သံုးၿပီး အေျခာက္မခံပါနဲ႔ ။ အေတာ္မ်ားမ်ားေသာ ဖုန္းသံုးစြဲသူေတြက ဖုန္းေရစိုသြားရင္ အလ်င္အျမန္ပဲ Dryer နဲ႔ မႈတ္ၾကပါတယ္။ ဒါဟာ မွားယြင္းတဲ့ အယူအဆ တစ္ခုပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖုန္းထဲမွာပါဝင္တဲ့ ေသးငယ္လွတဲ့ Component ေလးေတြ ပ်က္စီး သြားႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ ဆန္အိုးထဲမွာ ထည့္ထားတာက အေကာင္းဆံုးပဲ ျဖစ္ပါတယ္။
ကိုယ့်ရဲ့ ဖုန်းဟာ မတော်တဆ ရေစိုသွားမယ်ဆိုရင် မလုပ်ရမယ့် အရေးကြီးတဲ့ အချက်က Dryer သုံးပြီး အခြောက်မခံပါနဲ့ ။ အတော်များများသော ဖုန်းသုံးစွဲသူတွေက ဖုန်းရေစိုသွားရင် အလျင်အမြန်ပဲ Dryer နဲ့ မှုတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းထဲမှာပါဝင်တဲ့ သေးငယ်လှတဲ့ Component လေးတွေ ပျက်စီး သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဆန်အိုးထဲမှာ ထည့်ထားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။




Click here to download

CRD-internetjournal.media
www.nyilattun.com

No comments:

Post a Comment