Lenovo S939 ဖုန်း ဗားရှင်း Android 4.4 or 4.2 များကို
Custom Recovery ထည့်သွင်းနည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Custom Recovery ထည့်သွင်းမယ်ဆိုရင်တော့ SP Flash Tool ကနေ
Recovery scatter ဖိုင်ဖြင့်ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
==========
SP Flash Tool
VCOM Driver
Recovey Image
USB Cable
Download Here SP Flash Tool
Download MTK VCOM Driver & Installation Guide
Custom Recovery Cannibal Touch Recovery for Lenovo S939
Install TWRP Recovery
================
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ
COT_939_recovery.zip ဖိုင်ကိုဖြေလိုက်ပါ၊ အောက်ပါပုံအတိုင်း။
ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။
Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
“MT6735M_Android_scatter.txt” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။
Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။
ပြီးသွားတဲ့အခါ Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ Custom Recovery ကိုထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org

No comments:
Post a Comment